တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ တမုတ်ချုံးကျေးရွာကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖကသတင်းထုတ်ပြန် သည်။

ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာ၌ ခြေကုပ်ယူ ရန် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်အထိ ကြာခြင်းမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်းအကြမ်း ဖက်စစ်တပ် စစ်ကြောင်းသည် လယ်တောင်ရွာရှိ စစ်ကူစစ်ကြောင်းနှင့် ပေါင်းမိသွားပြီး ထပ်မံ စစ်ကြောင်းထိုးလာသဖြင့် ဆက်လက် တိုက်ပွဲဖြစ်ကာ ညနေ ၄ နာရီတွင် တိုက်ပွဲပြီးဆုံးခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး မြင့်မြတ်စွာကျဆုံးကာ ၂ ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်သား ၇၀ ထက်မနည်းသေဆုံး (ရုပ်သံ)

မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်သား ၇၀ ထက်မနည်းသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၇၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Black Tiger - MBT တပ်ဖွဲ့ထံမှ သိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့က မြင်းခြံမြို့အနီးရှိ...