တလုပ်မြို့တိုက်ပွဲအတွင်း TNLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး သေ ဆုံး၊ အထိနာသော စစ်တပ်ဘက်က လေကြောင်း၊ ဟောင် ဝှစ်ဇာလက်နက်ကြီး များဖြင့် အပြင်း အထန်ခုခံမှုကြောင့် ပြန်ဆုတ်ခဲ့ရ
သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ တိုက်ပွဲတွင်TNLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက် ခိုက်ခဲ့ပြီး စစ်သား ၈ ဦး ထက်မနည်းသေဆုံးကာ အထိနာသော စစ်တပ်ဘက်က လေကြောင်း၊ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းက ထုတ်ပြန်သည်။
ဩဂုတ်လ ၉ ရက် နံနက် ၆ နာရီအချိန်က မြင်းခြံမြို့နယ် တလုပ်မြို့ ၌ အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲ၍ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီအထိ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၈ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် အလုံး ၃၀ ထက်မနည်း၊ ဂျိုင်လိုကော်ပရာ ၃ စီး ဖြင့် ဗုံးသီး ၁၂လုံး ကြဲချခဲ့သည့်အပြင် Mi 35 ရဟတ်ယာဉ် ဖြင့် ပါ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထို့အပြင် မြင်းခြံမြို့မှ မြေပြင် စစ်ကူစစ်ကြေင်းများလည်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်စစ်ကူစစ်ကြောင်းများကြောင့် တလုပ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၈ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို 1. CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) နှင့် PDF (Taloke) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ ကျန်ရဲဘော် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း TNLA ဘတ်တံဆိပ်များဖြင့် တိုက်ခိုက်ခဲ့သည့် ရဲဘော်များလည်း တွေ့ရှိရပြီး TNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရှိရပြီး PDF တပ်ဖွဲ့မှ တရားထုတ်ပြန်ထားခြင်းတော့မရှိပေ။
Thanlwin Myanmar Media