ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၂

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးနေမှု ကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထောင်ချီစစ်ဘေးရှောင်နေရကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူး ကြီးဘုန်းနိုင်က  ပြောကြားသည်။

ဩဂုတ်လ ၈ ရက်နေ့မှစ၍ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို လမ်း မကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရန် အတွက် ဒီးမော့ဆိုမြို့နယ် ၊ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်း နှင့် ခမရ ၄၂၇ တပ်ရင်းတို့ ပူး ပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ လှုပ်ရှားနေမှုကြောင့်တိုက်ပွဲပြင်း ထန် နေခြင်းဖြစ်ကြောင်း၊ ယင်းစစ်ကြောင်း ၂ ကြောင်းသည် ခလရ ၁၀၂ တပ်ရင်းနှင့် မီတာ ၂၀၀၀ ခန့် အ ကွာ သဲတောင်ရွာ၌ စစ်ကြောင်း တစ်ကြောင်း၊ ငွေတောင်ဆည်တဝိုက်၌ စစ်ကြောင်း တစ်ကြောင်း ရှိ နေကြောင်း သိရသည်။

“စကစ စစ်ကြောင်းက လူထုကိုပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်နေတဲ့အတွက် ရောက်လာနိုင်တာ ပါ။ စစ်ရှောင်တွေများတယ်၊ ဖယ်ခုံအရှေ့ဘက်မှာ စစ်ရှောင်တွေများတော့ သူတို့က လိုက်ပြီးတော့မှ ရောက်ချင်လည်းရောက်လာနိုင်တာပေါ့၊ အတိအကျသတင်းတော့မရဘူး။ တိုက်ခိုက်မှုတော့ရှိတယ်။ ကျနော်တို့က လူထုအခြေအနေကို ကြည့်ပြီးတော့မှ လုပ်နေရတာ။ နား တယ်လို့ မပြောဘူး။ လူထု အခြေအနေကို ကြည့်ပြီးတိုက်ခိုက်နေရတာ။ လူထုက ဒုက္ခရောက်တယ်။လူထုတွေက နေစရာထိုင် စရာမရှိ၊ မိုးထဲလေထဲမှာ ပြေးလွှားနေရတာ။ စစ်ရှောင်လူထုက အင်အားထောင်နဲ့ ရှိတော့လည်း အခြေအနေကြည့်ပြီးတော့ ကျနော်တို့ လှုပ်ရှား နေရတာ။ စကစ အင်အားကတော့ များတယ်လို့ တော့ ပြောတာပဲ။ ဒါပေမယ့် အဲဒါက လူထုဆီကနေပဲ သိရတာ၊ အတိအကျတော့ မရဘူး။ တချို့ လည်း လယ်လုပ်နေတဲ့အချိန်မှာ လက်နက်ကြီးပစ်တော့ လူထုတွေ ရှောင်ရတယ်။ အဲလိုဆိုတော့ လူထုတွေက စကစများလို့ပြောတာပေါ့၊ ဒါပေမယ့်အတိအကျတော့ ပြောလို့မရသေးဘူး။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။

ထို့အပြင် ဖရူဆိုအခြေစိုက် စစ်တပ်ဘက်ကလည်း ဒီးမောဆို – ဖရူဆို လမ်းမကြီးတလျှောက် ကို လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို လမ်မကြီးအပြင် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာသည့် လမ်းသွယ်များအား အသုံးပြုသွားလာခြင်း မပြုလုပ်ကြရန်နှင့် ရက်အကန့် အ သတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

“အဲဒီလမ်းမှာက အသုံးမပြုခဲ့တာကြာပြီ။ ဟိုး ၂၀၂၂ ကတည်းပါ၊ သွားလာမှုကို ပိတ်တယ်ဆိုတာက လက်နက်ကြီးကြောင့်ပါ။ လက်နက်ကြီးနဲ့ ပစ်၊ လေယာဉ်နဲ့ကျဲတော့လည်း သူတို့ကို သတိပေးတဲ့ သဘောအနေအထားမှာရှိပါတယ်။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရှင်းပြသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၃၃ မိနစ်က...