ရေဦးမြို့မြောက်ဘက်သို့ အင်အားပြ ထွက်လာသော စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရေဦးမြို့မြောက်ဘက်သို့ အင်အားပြ ထွက်လာသော စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၂

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်၊ ရေဦးမြို့မြောက်ဘက်သို့ အင်အားပြထွက်လာသော စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ ကာကွယ် ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်က ရေဦးမြို့အတွင်း၌ တပ်စွဲထားသော စစ်သား၊ ပျူစောထီး အင်အား ၁၀၀ ခန့်ဖြင့် ရေဦးမြို့မြောက်ဘက် ရွာသစ်ရွာအနီးသို့ အင်အားပြ စစ်ကြောင်း ထွက်လာခဲ့ရာ ရွာသစ်ရွာတောင်ဘက်တနေရာ အရောက် မိုင်းပွိုင့်တစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စခ တစ်ဦးသေပြီး နှစ်ဦး အပြင်းစား ဒဏ်ရာရရှိပါတယ်။ စခစစ်ကြောင်းက ရေဦးမြို့မြောက်ဘက် ရွာသစ်ရွာအနီးကို စစ်ကြောင်းအထွက်ပြတဲ့ သဘောပါ။ ဒရုန်းနဲ့လည်း ဗုံးသီးချ တိုက်ခိုက်ခဲ့သေး တယ်။ ဒါပေမယ့် ရေထဲကျသွားတာမို့ ဗုံးသီးက မကွဲဘူး။ အပြန်အလှန် ပစ်ခတ်တိုက်ပွဲတော့ မဖြစ်ခဲ့ ပါဘူး။ နေရာက မြို့နဲ့ ကပ်လျက် မီတာ ၅၀၀ ဝန်းကျင်လောက်ပဲ ဝေးတာပါ။ အခုတော့ မြို့ထဲပြန် ဝင်သွားပါပြီ” ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ လက်ရုံးတပ်ဖွဲ့က လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်းနှင့် မိဘပြည်သူလူထုနှင့်အတူ တစ်သားတည်းရှိနေကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောများဖြင့် ဧရာဝတီမြစ်...