ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ ထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ

ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ ထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်တပ်သင်္ဘောများပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ် မှုထမ်းတပ်သား ၂ ဦး ခုန်ချထွက်ပြေးလာပြီး PDF တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ စစ်ကူရိက္ခာပို့ထောက်ပို့ သင်္ဘော ၁၇ စီးထက်မနည်း ဆန်တက်လာခဲ့ကြောင်း၊ ယင်း စစ်တပ်သင်္ဘောများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်အဖွဲ့အသီးသီးက မြစ် ကြောင်းတလျှောက် အဆင့်ဆင့် ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း သင်္ဘောပေါ်ပါ စစ်ကောင်စီတပ်သားများ အကြား ရှုတ်ထွေး နေစဉ် ဒုရဲအုပ်သူရအောင်နှင့် အဓမ္မစစ်သား စုဆောင်းခံရသူ ဟန်ဝင်းအောင်၊ ပိုင်ထက်အောင်တို့ သည် သင်္ဘောပေါ်မှ ခုန်ချကာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်လက်အောက်မှ ထွက်ပြေးလွတ်မြောက်လာသည့် ၎င်းတို့ကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဥပဒေ နှင့်အညီ ထိန်း သိမ်းထားကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုများကြောင့် စစ်သင်္ဘောပေါ်ပါလာသည့် စစ်သားများ နှင့် အဓမ္မလူ သစ်စု ဆောင်းခံရသူများကြားတွင် စိတ်ဓာတ်ကျဆင်းမှုများ ပေါ်ပေါက်လျက်ရှိပြီး စစ်တပ်ထံမှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်မှုများရှိခဲ့သည်ဟု ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးက ပြော ဆိုခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...