သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၁
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာ၌ တွေ့ရှိရသော အလောင်းများမှာ တိုက်ပွဲ အတွင်း သေဆုံးသွားသော စစ်သားများ၏ ရုပ်အလောင်းများဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင် သုခက ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၊ထန်းရှောက်ခံရွာ ရှိသည့် မွတ်ဆလင် အရပ်သား ၆၀၀ ကျော်ကို အာရက္ခတပ်တော် (AA) သတ်ဖြတ်ခဲ့ကြောင်း အာရကန် ရိုဟင်ဂျာအမျိုးသားကောင်စီ ARNC က ဩဂုတ်လ ၄ ရက်နေ့တွင် စွပ်စွဲထုတ်ပြန်ခဲ့သည့်အပေါ် ၎င်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ရှင်းပြခဲ့ ခြင်းဖြစ် သည်။
“ဘူးသီးတောင်တိုက်ပွဲကာလမှာ ရန်သူဘက်က ဘူးသီးတောင်တပ်မ စကခ (၅)ကိုစွန့်ခွာပြီး ဆုတ် ခွာပြီး တော့ ထန်းရှောက်ခံရွာကို ဆုတ်ခွာတယ်။ အဲ့ဒီရွာမှာ စစ်ကောင်စီဟာ အခိုင်အမာ ခုခံဖို့အ တွက် ကြိုးစားတယ်။ ကျနော်တို့ဖက်ကလည်း ထောင့်ပေါင်းစုံကနေ ဝိုင်းဝန်းပိတ်ဆို့ပြီး ချေမှုန်းဖို့ ကြိုးစားပါတယ်။ အဲ့ဒီထန်းရှောက်ခံရွာမှာ တိုက်ပွဲဟာ ၃ ရက်လောက်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါ တယ်။ အဲ့ဒီလိုဖြစ်တဲ့အချိန်မှာ အကြမ်းဖက်စစ်ကောင်စီဖက်က အနည်းဆုံး ၂၀၀ ဝန်းကျင်လောက် အကျအဆုံးရှိတယ်။ အဲဒါကြောင့် အဲ့ဒီနေရာမှာ အလောင်းတွေ ပုံနေတဲ့အခြေအနေမျိုးပါ။ တချို့အ လောင်း တွေကို စစ်ကောင်စီက နှစ်ဆယ်၊ သုံးဆယ် မြှုပ်တယ်။ တချို့အလောင်း ငါးဆယ်၊ တစ်ရာ လောက်ဟာ မမြှုပ်နိုင်ဘဲနဲ့ ပြန်ကျဲပြီး ကျန်ခဲ့တာရှိတယ် ။ အခုတက်နေတဲ့စွပ်စွဲချက် တွေကိုတွေ့ ရင်လည်း ဓာတ်ပုံတွေကို သေချာကြည့်ပါ။ အကြမ်းဖက် စစ်ကောင်စီရဲ့ ဦးထုပ်၊ သေနေတဲ့ အ လောင်းအရိုးစုတွေမှာ စွပ်ထားတဲ့ဖိနပ်တွေ အဲ့ဒါတွေဟာ သက်သေဖြစ်တယ်။ အခုစွပ်စွဲထားတဲ့ ဓာတ်ပုံမှာပါတာတွေက အကြမ်းဖက်စစ်ကောင်စီဖက်က ကျဆုံးသွားတဲ့ စစ်သားအလောင်းတွေ ဖြစ်တယ်။” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောကြားသည်။
ထို့အပြင် တိုက်ပွဲကာလအတွင်း ထန်းရှောက်ခံရွာသူရွာသားများကို စစ်ဘေးရှောင်ခိုင်းခဲ့ရာ ရွာသူ ရွာ သား ၉၁၀ ဦးရှိကြောင်း၊ ၂၀၁၇ ခုနှစ် စာရင်းအရ ၉၉၃ ဦးရှိသည်ဟု သိရှိရကြောင်း၊ ထို့ကြောင့် ပြန် လည်စိစစ်ခဲ့ရာ ရွာသူရွာသားအချို့မှာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းသို့လည်းကောင်း၊ မလေးရှား နိုင်ငံဘက်သို့လည်းကောင်း၊ ရန်ကုန်မြို့သို့လည်းအချို့မှာ တိမ်းရှောင်သွားသည်ဟု ရွာလူကြီးမှ ဝန်ခံ ပြောဆိုထားကြောင်း သိရသည်။
“အဲ့ဒီ ရွာသားတွေကို စစ်ပွဲကာလမှာ စစ်ရှောင်ခိုင်းထားတယ်။ အခု သူတို့ကို ထန်းရှောက်ခံရွာသစ်ကို ပြန်လည် နေရာ ချထားတဲ့ခါ လူဦးရေဟာ ၇၉၁ ယောက်ရှိတယ်။ ကျနော်တို့က ရွာလူကြီးကိုမေးတဲ့ အခါ ဘာဖြစ်လို့လူဦးရေ လျော့သွားလဲဆိုတော့ သူရှင်းပြတာက တချို့လူတွေက ဘင်္ဂလားဒေ့ရှ် ဘက်က ဒုက္ခသည်စခန်းတွေကို ပြေးသွားတာရှိတယ် ရန်ကုန်ဖက်ကိုပြေးသွားတာရှိတယ်။ တချို့က မလေးရှားဖက်ကို သွားတာတွေရှိတယ်ဆိုပြီး ပြောတယ်။ အဲ့ဒါကြောင့် သူတို့ စွပ်စွဲထားသလို ရွာသား ၆၀၀ လောက်ကို ULA/AA က အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတာ ဒီကိစ္စက လုံးဝမဟုတ်ပါ။ အခုလက်ရှိ လူဦးရေဟာ ၇၁၉ ယောက်အခုနေထိုင်လို့ရှိပါတယ်” ဟု AA ပြောခွင့်ရ ခိုင်သုခက ရှင်းပြသည်။
Thanlwin Myanmar Media