ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော် သိမ်းပိုက်ထားပြီး အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက် တိုက်ခိုက်နေ

ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော် သိမ်းပိုက်ထားပြီး အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက် တိုက်ခိုက်နေ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၁

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် – AA က ၉၀ ရာခိုင်နှုန်းကျော် သိမ်းပိုက်ထားပြီး အလုံးစုံ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျောက်ဖြူတိုက်ပွဲ အချိန်ကြာနေတယ်ဆိုတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ ကျနော့်အနေနဲ့ ကတော့ ကျနော်တို့ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက်ပြီးတော့ တသွေမတိမ်း လုပ်ဆောင်နေတယ်လို့ ဖြေကြားချင်ပါတယ်။ကျနော်တို့ ULA/AA စတင်တည်ထောင်စဉ်ကပင် အဓိက ရည်မှန်းချက်က အာရက္ခပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီးတော့ အာရက္ခပြည်သူလူထု၏ လက် ထဲ ကို ပြန်ထည့်ပေးဖို့ အစီအစဉ်ဖြစ်ပါတယ်။ ကနေ့အချိန်မှာတော့ အာရက္ခပြည်၏ ၉၀ ရာခိုင်နှုန်း ကျော် ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ကိုယ်တို့ ချမှတ်ထားတဲ့လမ်းစဉ်ကို ကိုယ်တို့ချမှတ်ထားတဲ့ အရက္ခလမ်းစဉ်နဲ့ ဂိတ်ဆုံးရောက်အောင် ဆက်လက်ချီတက်သွားဖို့ဖြစ်ပါတယ်။” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောကြားသည်။

အာရက္ခတပ်တော် – AA အနေဖြင့် အာရက္ခတစ်ပြည်လုံးကို သိမ်းပိုက်ကာ ပြည်သူလူထုလက်ထဲသို့ ပြန်လည်အပ်နှံရန် လမ်းစဉ်ချထားပြီး ယခုအခါ ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ် ထားကြောင်း၊ သိမ်းပိုက်ရန် ကျန်ရှိနေသော စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

“ကျောက်ဖြူတိုက်ပွဲစဖြစ်တာကို အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာ ဖြစ် ပါတယ်။ ကျောက်ဖြူမှာ အကြမ်း ဖက်စစ်ကောင်စီက ထိုးစစ်ဆင်ပြီးနောက်ပိုင်း အင်အား အလွန် အကျွံအသုံးပြုပြီးတော့ ကျနော်တို့တပ် ဖွဲ့တွေရှိတဲ့နေရာကို တောက်လျှောက်ထိုးလာလို့ ကျနော်တို့ ဘက်က တန်ပြန်ခုခံချေမှုန်းရတဲ့ အနေအထားဖြစ်ပါတယ်။ ကျောက်ဖြူမြို့တဝိုက်၊ အထူးသဖြင့် ရဲတပ်ရင်း ၃၂ ၊ ဓညဝတီရေတပ်စခန်းဌာနချုပ် ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ် ပွားနေပါတယ်။” ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။

ကျောက်ဖြူမြို့နယ်တိုက်ပွဲအပါအဝင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိများအပါအဝင် စစ်သုံ့ပန်းအမြောက်အများဖမ်းဆီးရရှိမှုရှိ ထားကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်က ထွက်ပြေးလာပြီး လက်နက်ချသူများ၊ အလင်းဝင်သူများ လည်းရှိလည်းကြောင်း သိရသည်။

“တိုက်ပွဲပြင်းထန်နေတဲ့ နေရာတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ထွက်ပြေးလာတဲ့ စစ်သား တွေ၊ နောက်ပြီးတော့ သူတို့တွေရဲ့ ဖိနှိပ်ညှင်းပန်းမှုတွေကို မခံနိုင်လို့ လာပြီး ကျနော်တို့ဘက်မှာ လက်နက်ချတာတွေ၊ ဖမ်းမိတဲ့သုံ့ပန်းတွေ အများအပြားရှိပါတယ်။ ကျောက်ဖြူတစ်ခုတည်းမှမဟုတ် ပါ ဘူး။ တခြားစစ်မျက်နှာတွေမှာလည်း စစ်သုံ့ပန်းတွေက အင်မတန်ရှိပါတယ်။ အရေအတွက် အတိ အကျနဲ့ ဖမ်းဆီးရရှိတဲ့ ပုဂ္ဂိုလ်တွေတော့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်တဲ့အတွက်ကြောင့်မို့လို့ တိတိကျကျ ထုတ်ဖော်ပြောဖို့တော့မရှိပါ။” ဟု AA ပြောခွင့်ရခိုင်သုက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KIO ၊ KIA ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်လက်တွဲပြီး စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက် ခိုက်သွားမည်ဟု NUG ပြော

KIO ၊ KIA ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်လက်တွဲပြီး စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက် ခိုက်သွားမည်ဟု NUG ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၁ KIO ၊ KIA ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်လက်တွဲကာ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း NUG အစိုးရက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်သော ၅၀ နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်း အမှတ် အခမ်းအနားသို့...