တမူးမြို့နယ်၊ နန်မွန်းတားရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး၊ စစ်တပ်က တိုက်လေယာဉ်၊အသေခံ ဒရုန်းတို့ဖြင့် တိုက်ခိုက်

တမူးမြို့နယ်၊ နန်မွန်းတားရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး၊ စစ်တပ်က တိုက်လေယာဉ်၊အသေခံ ဒရုန်းတို့ဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၁

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားကျေးရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

ဩဂုတ်လ ၅ ရက်နေ့က တမူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသော နန်မွန်း တားကျေးရွာသို့ ရန်ငြိမ်းအောင်ရွာမှ ခလရ-၂၂၈ နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၈၀) ခန့်ဖြင့်  စ တင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ကာ စစ်တပ်စစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားသဖြင့် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရခဲ့ပြီး စစ် ကောင်စီတပ်သားများ အသုံးပြုသော လက်နက် ၉ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် ၅ ဦး ကျဆုံးကာ လက်နက် ၃ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးမှ တက်လာသော Yak-130 လေ ယာဉ် ၁ စီးဖြင့် နန်မွန်းတားရွာ ဘုရားကျောင်းကို ပေါင် ၂၅၀ ဗုံးသီး ၂ လုံး၊ တံတားဦးလေတပ်မှ တက်လာသော MIG-29 လေယာဉ် ၁ စီးဖြင့် Cluster ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့သည့်အပြင် OWA အသေခံဒရုန်း အမျိုးအစားများကိုလည်း အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ် ကြောင်း၊ KNA (B) ၊ NLA နှင့် CNA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြိုင်မြို့အနီးရှိ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

မြိုင်မြို့အနီးရှိ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၀ မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဩဂုတ် ၁၀ ရက် နံနက် ၅ နာရီခန့်က...