မြိုင်မြို့အနီးရှိ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

မြိုင်မြို့အနီးရှိ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၀

မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ဩဂုတ် ၁၀ ရက် နံနက် ၅ နာရီခန့်က မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ် ကင်းစခန်း တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ နံနက် ၁၁ နာရီ ၃၀ မိနစ်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားရာ စခန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စက်တပ်လေထီးများ ၊ ဂျက်ဖိုက်တာများဖြင့် ပစ်ကူ ပေးတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၁ ဦး သေဆုံးကာ ၃ ဦးကို G-3 အမျိုးအစား သေနတ် ၃ လက်၊ 7.62 ကျည် အမြောက်အများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ ၊ မြိုင် ပကဖ၊ ပေါက် မြို့နယ် မြောက်ပိုင်း ပကဖ အပါအဝင် တော်လှန်ရေး မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဦးမြို့မြောက်ဘက်သို့ အင်အားပြ ထွက်လာသော စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရေဦးမြို့မြောက်ဘက်သို့ အင်အားပြ ထွက်လာသော စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်၊ ရေဦးမြို့မြောက်ဘက်သို့ အင်အားပြထွက်လာသော စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ ကာကွယ် ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ...