ရေနံချောင်းမြို့နယ်၊ ကုန်းအိုင်ကျေးရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းမိုင်းမိပြီး စစ်သား ၃ ဦး သေဆုံး

ရေနံချောင်းမြို့နယ်၊ ကုန်းအိုင်ကျေးရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းမိုင်းမိပြီး စစ်သား ၃ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၀

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကုန်းအိုင်ကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း မိုင်း မိကာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force -Yenangyaung (YNG-PDF) ထံမှ သိရသည်။

ဩဂုတ်လ ၆ ရက် နံနက် ၅ နာရီခန့်က ရေနံချောင်းမြို့နယ်၊ ဂွေးကုန်းလမ်းဆုံစစ်ဆေးရေးဂိတ်မှ တဆင့် မကွေးမြို့အခြေစိုက် တပ်မ ၈၈ ၊ ရေနံချောင်းမြို့အခြေစိုက် ခလရ ၇၇ မှ စစ်သား၊ ရဲ၊ ပျူစော ထီးများ ပူးပေါင်းကာ အင်အား ၁၀၀ ခန့်ဖြင့် ကုန်းအိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာ စဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော တိုက်မိုင်း ၃ လုံးမိပြီး စစ်သား ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေနံချောင်း-မကွေးသွားတဲ့လမ်းပေါ်မှာ ဂွေးကုန်းလမ်းဆုံဆိုတာရှိတယ်။ အဲဒီဂွေးကုန်းလမ်းဆုံက နေ နတ်မောက်ဘက်ကိုလည်းသွားလို့ရတယ်။ အဲဒီမှာက စခစစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒီဂိတ်မှာ က ပုံမှန်အင်အား ၅၀ လောက်နေတယ်။ အဲဒီကနေ မကွေးတပ်မ ၈၈ ၊ ရေနံချောင်း ခလရ ၇၇ က စခ၊ ရခ၊ ပျူတွေပေါင်းပြီးတော့ ကုန်းအိုင်ကျေးရွာကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးတာ၊ စစ်ကြောာင်းထိုးတဲ့မနက်မှာပဲ ကျေးရွာက ပြည်သူတွေကို ရှောင်ခိုင်းလိုက်တယ်။ ပြည်သူပိုင်ပစ္စည်း‌ တွေခိုးယူသွားတာတော့မရှိဘူး။ ဝင်ရောက်မွှေနှောက်သွားတာတော့ရှိတယ်။ အပြန်အလှန် ပစ်ခတ် မှုတော့ မဖြစ်ခဲ့ဘူး။ ကျနော်တို့ ထောင်ထားတဲ့ တိုက်မိုင်း ၃ လုံးမိပြီးတော့ နေ့ချင်းညနေ ၇ နာရီ လောက်မှာ ပြန်ဆုတ်သွားတာ၊ ကျနော်တို့က ဒရုန်းနဲ့လိုက်ကြည့်တဲ့အချိန်မှာလည်း ဝရုန်းသုန်းကား နဲ့ ဒဏ်ရာရသူတွေလည်း ဆွဲခေါ်သွားတာရှိသလို အလောင်း ၃ လောင်းကိုလည်း မိုးကာစနဲ့ပတ်ပြီး တော့ သယ်ဆောင်သွားတာကို တွေ့လိုက်ရတယ်” People’s Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force -Yenangyaung (YNG-PDF) ၊ Yenanthar Column ၊Tamar Myay Special Column၊နှင့် အင်တောတိုက်နယ်(ပကဖ)တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...