သံလွင်မြန်မာသတင်း
ဩဂုတ်လ ၉
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းဆိပ်ကျေးရွာအနီးတွင် PDF တပ်ဖွဲ့ဝင်များကို သာမန်ပြည်သူအထင်ဖြင့် ပေါ်တာဆွဲဖမ်းဆီးသည့် အရာခံဗိုလ်လှကျော်နှင့် တကက ညီညီမိုးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် အမှတ် ၃၈၀၂ တပ်ရင်းကထုတ်ပြန် သည်။
ဩဂုတ်လ ၇ ရက် နံနက် ၉ နာရီ ၄ မိနစ်က အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်း မှ အုတ်ဖိုတာဆုံဘက်သို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍ ထွက်ခွာလာသည့် အရာခံဗိုလ် လှကျော် နှင့် တပ်ကြပ်ကြီး ညီညီမိုး တို့သည် သဖန်းပင်ဆိပ်ရွာအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များအား သာမန်ပြည်သူများ ထင် ကာ ပေါ်တာဆွဲဖမ်းဆီးရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါ်တာဆွဲဖမ်းဆီးရန် လုပ်ဆောင်နေသည့် အရာခံဗိုလ် လှကျော် နှင့် တပ်ကြပ်ကြီး ညီညီမိုး ၏ ဦးခေါင်းတည့်တည့်ကို PDF ရဲဘော်များက သေနတ်ကျည် ၁ ချက်စီ ပစ်ခတ်ခဲ့ရာ နေရာမှာ သေ ဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော စစ်ကောင်စီတပ်သားများထံမှ လက်ပစ်ဗုံး ၁ လုံး၊ ငွေသားကျပ် ၂ သိန်း၊ စစ်မှု ထမ်း ကတ် ၁ ခု၊ စစ်မှုထမ်းစိစစ်ရေးစာအုပ် ၁ အုပ်၊ မှတ်ပုံတင်ကတ် ၁ ခု၊ လိုင်စင်ဓာတ်ပုံ ၆ ပုံ၊ မိုလ် ဘိုင်းဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင်တပ်ရင်း၊ တပ်ဖွဲ့များ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခ ပေးနေကြသည့် စစ်ကောင်စီတပ်သားများကိုသာမက စစ်ကောင်စီ ထောက်တိုင်များကိုပါ တိုက် ခိုက်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားသည်။
Thanlwin Myanmar Media