သံလွင်မြန်မာသတင်း
ဩဂုတ်လ ၈
တော်လှန်ရေးအင်အားစုများအနေဖြင့် သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေမည့် အားနည်းချက်များ ကို အလေးအနက်ထား ဆင်ခြင် သုံးသပ်ကြပါရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ရှစ်လေးလုံးလူထုဒီမိုကရေစီ အ ရေး တော်ပုံနေ့ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ယုံကြည်ချက် / ခံယူချက် သန့်စင်ခိုင်မာစွာနဲ့ လျှောက်လှမ်းနေရင်း ၈၈ ကို အလေးအနက်ထားရမယ်။ ၈၈ ကို ဂုဏ်ပြုရမယ်။ ၈၈ ရဲ့ တန်ဖိုးကို နားလည်ရမယ်။ တစ်ဖက်မှာလည်း ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အခြေအနေကို ကောင်းစွာ သဘော ပေါက်ရမယ်။ ၈၈ နဲ့ ၂၁ မတူခြားနားခြင်းတွေရှိတယ်ဆိုတာကို နားလည်သဘောပေါက် ရမယ်။ ၈၈ မှာ သန္ဓေတည်ခဲ့တဲ့ ယုံကြည်ချက်တန်ဖိုးတွေကို နွေဦးတော်လှန်ရေးမှာ ဆက်လက် သယ်ဆောင်ရ မယ်။ တစ်ဖက်မှာလည်း အတိတ်က မှားခဲ့တဲ့အမှားမျိုးတွေကို သင်ခန်းစာယူနိုင်ဖို လိုတယ်။ စစ်အာ ဏာရှင်စနစ်ကို တိုက်ဖျက်ရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သမိုင်းကို ရုပ်ဆိုးအကျည်း တန်စေတဲ့ အားနည်းချက်မျိုးတွေကို အထူးအလေးအနက်ထား ဆင်ခြင်သုံးသပ် နိုင်ရမယ်။ မတူညီ တဲ့အခြေအနေတွေကို နားလည်သဘောပေါက်ပြီး၊ သမိုင်းတဆင့်မြှင့်နိုင်ဖို ခြေလှမ်းသစ်တွေ ချဲ့ထွင် နိုင်ရမယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံက ဖွဲ့စည်းတည်ပေးလိုက်သည့် လူထုတော်လှန်ရေးသန္ဓေ သည် နွေဦးတော်လှန်ရေးအတွင်း၌ အသန့်စင်ဆုံး မွေးဖွားကြီးပြင်းလာပြီဖြစ်ကြောင်း၊ လက်ရှိ နွေဦး တော်လှန်ရေးကို ဝိုင်းဝန်းပြုစုပျိုးထောင်၍ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည် အထိ ကြိုးစားအားထုတ်ကြရန် လိုကြောင်း ၎င်းက ဆက်လက်တိုက်တွန်းထားသည်။
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်းအနားသည် အတိတ်က တော် လှန် ရေးသမိုင်းနှင့် တည်ဆဲဖြတ်သန်းနေသည့်ကာလဖြစ်ပြီး အားလုံး စုပေါင်း ရေးထွင်းနေကြသည့် သမိုင်းကို အနှစ်သာရအားဖြင့် ချိတ်ဆက်နိုင်ရန် လိုအပ်ကြောင်း၊ ၈၈ အရေးတော်ပုံနှင့် ၂၁ ခုနှစ် နွေ ဦးတော်လှန်ရေးအရေးတော်ပုံတို့သည် လူထုလှုပ်ရှားမှုပုံစံအရ ကွဲပြားခြားနားမှုရှိကြောင်း အသိပေး ထားသည်။
“နိုင်ငံရေးမဟာဗျူဟာနဲ့ တော်လှန်ရေးမဟာဗျူဟာ လက်ကိုင်သုံးစွဲမှု ပုံစံတွေလည်း ကွဲပြားခြား နားမှုရှိတာကို တွေ့ရပါတယ်။ ခေတ်စနစ်အခြေအနေနဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း မှာလည်း မတူကွဲပြားတဲ့ ဖြစ်စဉ်တွေကို ထပ်မံ တွေ့ရှိရပါတယ်။ ဒါပေမယ့် လူထုနိုင်ငံရေး အနှစ်သာရနဲ့ တော်လှန်ရေးအနှစ်သာရမှာတော့ ကွဲပြားခြားနားမှု မရှိဘဲ “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အခြေခံမူအပေါ်မှာ ခိုင်ခိုင်မြဲမြဲ တစ်သားတည်းဖြစ်တည်နေတာ” ကို တွေ့ရပါတယ်။” ဟု နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုသည်။
ထို့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေးလှုပ်ရှားမှုကို သမိုင်းဖြစ်ရပ်တစ်ခုထက် ပိုမိုကြည်မြင့်ရန် လိုအပ်ပြီး အထူသဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ဒီမို ကရေစီ အသွင်ကူး ပြောင်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက်ဖြစ်ကြောင်း အသိပေးထားသည်။
“ကျနော်တို့ရဲ့ အပြုအမူတိုင်း၊ အပြောအဆိုတိုင်း၊ လုပ်ရပ်တိုင်းဟာ ဒီဖြစ်စဉ်တွေထဲမှာ အစဉ်တစိုက် ဖြတ်သန်းလျှောက်လှမ်းနေရမှာဖြစ်ပါတယ်။ ကျွန်တော်တို ပြုကျင့်နေကြတဲ့ လူထုနိုင်ငံရေး နည်းနာ တွေ၊ လက်နက်ကိုင်တော်လှန်ရေးမဟာဗျူဟာတွေဟာ ဒီဖြစ်စဉ်ထဲမှာ အချိတ်အဆက်မိမိ ဖြစ်ပေါ် နေရမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ လုပ်ရပ်တွေဟာ သီးခြား စီဖြစ်နေလို မရဘူးလို ပြောချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ဖြစ်စဉ်ဟာ လူထုတော်လှန်ရေးနည်းနာ တွေ နဲ့ သီးခြားစီ ဖြစ်နေလို မရဘူးဆိုတာ နားလည်ကြဖို လိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
၁၉၈၈ ခုနှစ် တော်လှန်ရေးကာလထက် ယခု ၂၀၂၁ ခုနှစ်တော်လှန်ရေးကာလသည် ပြည်သူလူထုက နိုင်ငံရေးအတွေးအခေါ် ပိုမိုကျယ်ပြန့်လာပြီဖြစ်ပြီး လူထုလှုပ်ရှားမှုသည်လည်း ပိုမိုနက်ရှိုင်းကျယ် ပြန့်လာကြောင်း၊ လူထုနိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေး အခြေအနေသည် တစ်နိုင်ငံလုံး အ တိုင်း အတာဖြင့် ပြန့်ထွက်လှုပ်ရှားနိုင်သည်ကို အထင်အရှားတွေ့ရကြောင်း ၎င်းက ရှင်းပြသည်။
Thanlwin Myanmar Media