သံလွင်မြန်မာသတင်း
ဩဂုတ်လ ၈
မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချကြောင်း Justice For Myanmar – JFM က ထုတ်ပြန် သည်။
တရားမဝင်မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင် မှု ရရှိရေး ကြိုးပမ်းသည့်အနေဖြင့် ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကြီးများအား ဖုံးကွယ်ဖျောက် ဖျက်ရန် နှင့် ပုံရိပ်ကောင်းရရှိအောင် ခဝါချလျှော်ဖွပ်သန့်စင်ရန် အများပြည်သူ့ထံမှ ခိုးယူထားသော ဘဏ္ဍာငွေသန်းပေါင်းများစွာကို အသုံးပြု၍ အမေရိကန်ရီပက်ဘလစ်ကန်ပါတီနှင့် နီးစပ်သည့် လော် ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရက်စက်ကြမ်းကြုတ်မှုကြီးများအား အပြစ်ပေးအရေးယူခံရမှု အလုံးစုံကင်းလွတ်စွာဖြင့် ကျူးလွန် လျက်ရှိသည့် စစ်အုပ်စုအတွက် အားပေးကူညီသူအဖြစ် ထမ်းဆောင်ရန် ရွေးချယ်လိုက်သည့် DCI Group ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချပါကြောင်း JFM က ထုတ်ပြန်ထားသည်။
DCI Group သည် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်အသက် ဝင်မည့် စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး “ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသား ချင်း စာနာမှုအကူအညီ” ဆိုင်ရာများတွင် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးများ “ပြန်လည် တည်ဆောက်ရေး” အတွက် ဆောင်ရွက်ရန် တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၃ သန်း စုစု ပေါင်းပေးချေရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစာချုပ်ကို DCI Group ၏ စီမံခန့်ခွဲမှုမိတ်ဖက် Justin Peterson နှင့် စစ်အုပ်စု၏ အမြဲတမ်း အတွင်းဝန် ဝင်းကျော်အောင် ကိုယ်စားပြုသည့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားကိုယ်စားလှယ်မှတ်ပုံတင်ရေးဥပဒေစာရွက်စာတမ်းများတွင် DCI Group နှင့် အဓိကထိတွေ့ ဆက်ဆံမည့်သူအနေဖြင့် စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် မြင့် ကျော် ကို စာရင်းသွင်းထားကြောင်း၊ မြင့်ကျော်သည် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး “ပြန်ကြားရေးအဖွဲ့” တွင်လည်း အတွင်းရေးမှူး ဖြစ်ကြောင်း သိရသည်။
စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူများအပေါ် စစ်အုပ်စုကျူးလွန်လျက်ရှိသည့် အ ကြမ်း ဖက်စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် သတင်းမှားများနှင့် အမုန်းစကားများကို ထုတ်လုပ်ဖြန့် ချီရာတွင် ပါဝင်ပတ်သက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DCI Group သည် ရီပတ်ပလစ်ကန်ပါတီနှင့် နီးစပ်သည့် လော်ဘီအဖွဲ့ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒေါ်နယ် ထရန့်အစိုးရ၏ ပထမသက်တမ်းအတွင်း သမ္မတက Justin Peterson ကို ပူအာတိုရီကိုနိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်မှုနှင့် စီမံခန့်ခွဲမှုဘုတ်အဖွဲ့တွင် ၎င်း၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ ကြောင်း သိရသည်။
DCI Group သည် ၂၀၀၂ ခုနှစ်ကလည်း ယခင်မြန်မာစစ်အုပ်စုနှင့် စာချုပ်တစ်ရပ် ရှိခဲ့ပြီး စစ်အုပ်စု၏ ပုံရိပ်ကို ခဝါချသန့်စင်ရေးနှင့် “နိုင်ငံရေး ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး” လမ်း ကြောင်းကို တွန်းတင်ရေးတို့အတွက် အမေရိကန်အစိုးရအား လော်ဘီလုပ်ပေးခဲ့ကြောင်း သိရသည်။
DCI Group သို့ ပထမအရစ်ငွေပေးချေမှုအဖြစ် အမေရိကန်ဒေါ်လာ ၁.၅ သန်းကို စစ်အုပ်စု၏ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အား ဖျက်သိမ်းပြီး “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်” ဖြင့် အစားထိုးဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပေးချေခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media