ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီး

ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၇

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ယောအ လင်းတန်းထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ကျောက်ထုတိုက်နယ်၊ ဟံသာဝတီအုပ်စု၊ ကံကြီးကျေးရွာအတွင်းသို့ ကျောက်ထုမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ အမှတ် ၃၆၈ တပ်ရင်းမှ အတွင်းမှ တက်လာသော ဒရုန်းတစ်စီးဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး လည်ပင်ရှပ်ထိ (မစိုးရိမ်ရ) ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်ပဲနဲ့ ကျဲချတာပါ၊ ဗုံးသီးက တစ်လုံးထဲပဲ၊ ဒါပေမယ့်တော်တော်ပြင်းအားမြင့်တယ်၊ နေ အိမ် လုံးဝပျက်စီးသွားတာ၊ ခြံထဲမှာ ပေါင်းရှင်းနေတဲ့ ပြည်သူတစ်ဦး ဗုံးစ ရှပ်ထိဒဏ်ရာရတယ်။ နောက်ထပ်ကျဲချတာမျိုးတော့မရှိဘူး” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုကို ပစ်မှတ်ထားကာ ဗုံးကျဲ တိုက်ခိုက်နေသော ကျောက်ထုမြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် လုံခြုံရေး၊ အသိ၊ သတိဖြင့် နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...