သံလွင်မြန်မာသတင်း
ဩဂုတ်လ ၇
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ၊ ပျူ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့က ငါန်းဇွန်မြို့နယ် ၊ ဆီးမီးခုံဆိပ်ကမ်းမှ ငါန်းမြှာကြီးရဲကင်းစခန်းသို့ ရဲ ၊ စစ်သား ၊ပျူ ပူးပေါင်းအင်အား ၂၀၀ ခန့် စစ်ကြောင်းထိုးလာသောကြောင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
အလားတူ ငါန်းမြှာကြီးရဲကင်းစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုးထောင် ရွာနှင့် ကုန်းလည်ရွာ ကြားသို့ အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အ လှန် ပစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇူလိုင် ၁၀ ရက်နေ့တွင် ငါန်းမြှာကြီးရဲကင်းစခန်းမှ ပေါက်တောရွာသို့ စစ်ကြောင်းထိုး ဝင် ရောက်ကာ နတ်ကြီးရွာဘက်သို့ ဆက်တက်ရန် ရှေ့ထွက်ကင်းထွက်လာသည့် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၂ ရက်နေ့တွင်လည်း ပေါက်တောရွာမှ နတ်ကြီးရွာဘက်သို့ ထွက်လာသော စစ်တပ်စစ် ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုပြီး ထပ်မံတိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား၊ ရဲ၊ ပျူစောထီး ၂၅ ဦးခန့် သေဆုံးကာ ၃၅ ဦးကျော်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး ကျ ဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဇူလိုင် ၈ ရက်နေ့တွင် ကုန်းလည်ရွာမှ ပြည်သူ့နေအိမ် ၁၃ လုံးကို မီးရှို့ခဲ့သည့်အပြင် ဇူလိုင်လ ၁၂ ရက်နေ့တွင် လေကြောင်းဖြင့် နတ်ကြီးရွာအတွင်းသို့ ဗုံးသီး ၆ လုံး၊ ပါရာမိုတာဖြင့် စက်လက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ်နှင့် ဗုံးသီး ၂ လုံးလည်းကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မန္တလေးခရိုင်၊အမှတ် ၅ တပ်ရင်း ၊ အမရပူရမြို့နယ် ပ.က.ဖ ၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ CDMSOM မြောင် ဗိုလ်စင်္ကြာစစ်ကြောင်း ၊ မြင်းခြံ မြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း ၊ TGYR ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ မြင်းခြံ ခရိုင် အမှတ် ၉ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း ၊ ငါန်းဇွန်မြို့နယ် ပ.က.ဖ ၊ ငါန်းဇွန်မြို့နယ် ပ.လ.ဖ ၊ သစ္စာလက်နက်ကြီးတပ်ဖွဲ့နှင့် နယ်မြေခံတော်လှန်ရေးအင်အား စုများ ပူးပေါင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media