စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာတ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရဟု TNLA ပြော

စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာတ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရဟု TNLA ပြော

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၅

 

အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း ၊လက် နက်ကြီးများဖြင့် တိုက်ခိုက်နေမှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

 

ယနေ့ ဩဂုတ်လ ၅ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီက လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူလူထုကို တောက်လျှောက် ဗုံးကျဲတယ်၊ အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုတိုက်ခိုက်တယ်။ အရပ်သားပြည်သူလူထုတွေ ထိခိုက်နစ် တဲ့ အတွက် အရပ်သားပြည်သူထုကို ကာကွယ်ဖို့ နောက်ဆုတ်ပေးလိုက်ရတာပါ၊ ကျမတို့က အရပ် သားပြည်သူထုကို ကာကွယ်ဖို့အတွက် တာဝန်ရှိတဲ့ အတွက် အရပ်သားပြည်သူလူထု ထိခိုက်နစ်နာ မှား စိုးလို့ နောင်ချိုမြို့ကနေ ဆုတ်ခွာပေးလိုက်ရခြင်း ဖြစ်ပါတယ်” ဟု TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြား သည်။

 

ဇူလိုင်လတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ကြား တိုက်ပွဲအကြိမ် ၇၀ ဖြစ်ခဲ့ပြီး တိုက်ပွဲကာလ အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းဖြင့် ၅၆ ကြိမ်၊ လက်နက်ကြီး ဖြင့် ၁၆၅၅ ကြိမ်၊ ဒရုန်းဖြင့် ၆၆၁ ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများမှာ ကျောက်တော၊ ကျောက်ကြမ်း၊ နံမ်ပါတက်၊ နာမုံး ၊ ရေမောင်းတန်း ၊ ကျောက်ပြုတ် ၊ နောင်လင်၊ အုမ္မခါး ၊ မျက်ချီးနု၊ ကသဲမျှောင်၊ ဒုံးတပ် ၆၀၆ ၊ အောင်ချမ်းသာ ၊ ရေညာဦး ၊ ဂုတ်ထိပ် ၊ နောင်ချိုမြို့၊ ကုန်စံ ၊ ရွှေညောင်ပင် ၊ တောင်ရပ်ကွက်၊ လယ်ကြီးတော ၊ ငုက္ခလေး ၊ နောင်ပြစ် ၊ လွယ်ခွင် ၊ လောက်ဖန်း၊ ခဲဆန် ၊ အင်ကြင်းကိုင်၊ ပန်စုံနှင့် ဟိုနောင်ကျေးရွာများတွင် ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးစခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ပဲခူးရိုးမအတွင်း၌ PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး

လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးစခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ပဲခူးရိုးမအတွင်း၌ PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၆ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်ကြော ရေးစခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သား ၂ ဦးကို ပဲခူးရိုးမအတွင်း၌ အရှင်းမိထားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က ထုတ်ပြန်သည်။ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈...