တအာင်းပြည်တွင် ဇူလိုင်လ အတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးပြီး ၈၂ ဦး ဒဏ်ရာရ

တအာင်းပြည်တွင် ဇူလိုင်လ အတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးပြီး ၈၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တအာင်းပြည်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

ဇူလိုင်လ ၁ ရက် နေ့မှ ၃၁ ရက်နေ့အထိ TNLA ထိန်းချုပ်ထားသော တအာင်းပြည်၊ ကျောက်မဲ၊ မိုး ကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေ ကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကျပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးခဲ့ပြီး ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၁၁၆ လုံး၊ စာသင် ကျောင်း ၂ ကျောင်း နှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုကို ဦးတည်၍ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက် ခိုက်မှု ကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁၈ ဦး နှင့် အမျိုးသမီး ၄ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်  နေအိမ် ၄၅ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နောင်ချိုမြို့နယ်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် ဗုံး ကျဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ကာ အမျိုးသား ၆ ဦး၊ အမျိုး သမီး ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအပြင် နေအိမ် ၁၇ လုံးနှင့် ဘုန်းကြီး ကျောင်း ၂ ကျောင်းလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ရည်ရွယ် ချက်ရှိရှိ ပြည်သူကို ဦးတည်၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသား ၆ ဦး နှင့်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦး၊ အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၂ ဦး ထိမှန်ဒဏ် ရာရရှိခဲ့ကာ နေအိမ် ၃၈ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

သီပေါမြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၁၈ လုံး နှင့် စာသင်ကျောင်း ၁ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုင်းလုံမြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများ မှ ရှောင်ရှားနိုင်ရန် စစ် ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင် ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး  ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါရွာနှင့် ရှုံးရှီကျေးရွာနေပြည်သူ ၁၀ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီး

ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါရွာနှင့် ရှုံးရှီကျေးရွာနေပြည်သူ ၁၀ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၄   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာနှင့် ရှုံးရှီကျေးရွာနေ ပြည်သူ ၁၀ ဦးကို စစ် ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၃ ရက် ည ၁၀ နာရီခန့်က ဂန့်ဂေါမြို့နယ်၊ လောင်ထောင်စစ်တပ်ဂိတ်သို့...