Karenni News

Karenni News

ဖားဆောင်းမြို့နယ်တွင် ဧပြီလအတွင်း အပြင်းအထန် တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ခဲ့ပြီး စစ်သား ၅၀ ကျော်သေဆုံးကာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၅၆ ဦးအရှင်ဖမ်းမိ

 

D Day News

မေလ ၇

 

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း၌ အပြင်းအထန် တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၅၀ ကျော်သေဆုံးကာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၅၆ ဦးအရှင်ဖမ်းမိခဲ့ ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလအတွင်း ဖားဆောင်းမြိုအခြေစိုက် စစ်ကောင်စီတပ်ရင်းများ ဖြစ်သည့် ခလရ ၁၃၅ ၊ ခလရ ၁၃၄ တပ် တို့နှင့် မြိုတွင်းရှိ မီးသတ်ရုံးနှင့် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင် စီ တပ်ဖွဲ့များကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များ အထိနာခဲ့ကြောင်း သိရသည်။

 

ထိုသို့ အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို စစ်ကူပေးရန် ဘောလခဲမြို့နယ် ဘက်မှ ဖားဆောင်းမြို့သို့ ဦးတည်၍ ခမရ ၅၁၆ ၊ ခမရ ၅၁၅ ၊ ခလရ ၁ ၊ ခလရ ၁၃၅ တပ်များ ပူးပေါင်း၍ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စ၍ ညနေပိုင်းထိ ပါပုကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့တိုက်ခိုက်မှုအတွင်း  အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးပြီး တပ်ရင်းမှူး ၊ ဒုရင်းမှူးများ အပါအဝင် ၅၆ ဦး လက်နက်ချ အညံ့ခံခဲ့ကြော်း၊ ထို့အပြင် လက်နက်ကြီး ၊ လက်နက်ငယ် အစုံ ၇၀ ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ အတွင်း ဖားဆောင်းမြိုတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲများအကြား ပြင်းထန် သည့်ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပုံမှန်ထိတွေ့မှု နေ့စဉ်ရှိခဲ့ကာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

သန်လျင်မြို့၊ သံလျင်တံတားအဆင်း လက်မှတ်ဂိတ်မှတ်တိုင်အနီးတွင် ဆက်ကြေးကောက်နေသော စစ်သား၊ ရဲများကို မိုင်းခွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်   သံလွင်မြန်မာသတင်း မေလ ၂၁   ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင်တံတားအဆင်း လက်မှတ်ဂိတ်မှတ်တိုင်အနီးတွင် ဆက်ကြေး ကောက်နေသော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း Operation...