ကလဲ့တက်တက် ရိသဲ့သဲ့ ဟာသများ “ကျွဲဝယ် လိုတဲ့ပြဿနာ”

ကလဲ့တက်တက် ရိသဲ့သဲ့ ဟာသများ “ကျွဲဝယ် လိုတဲ့ပြဿနာ”

မောင်နိုင်ထူး

ရှမ်းကြိုက်ရင် နွားချောဆိုတဲ့ စကား လူတိုင်းကြားဖူးကြမည် ထင်ပါသည် ။

ညောင်ခါးရှည်ရွာ  ရောက်လာသော ရှမ်းစုရွာ ဦးဗိုလ်သိန်းတို့ သမီးယောက္ခ တစ်သိုက် နွားမလိုပဲ ကျွဲဝယ်ချင်သောကြောင့် ပြဿနာက အဲဒီမှာ စသည် ။

ရွာခံကိုမြင့်သိန်းမှာ မိုးဉီးကာလတောင်ယာ ထွန်ယက်စိုက်ပျိုးချိန်ဖြစ်သော်လည်း လူရင်းဧည့်သည် များဖြစ်နေသောကြောင့် သားအကြီးဖြစ်သူ မောင်ဦးကိုသာ  ယာထွန် နှမ်းကြဲ ခိုင်းထားခဲ့ပြီး ရွာထဲမှ ကျွဲရောင်းမည်ဆိုသည့် အိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက်လိုက်ပြပေးသည် ။

ဦးဗိုလ်ဟိန်းတို့ ကျွဲ အသက်ခွဲပြီး ချေးများ ရွေးချယ်နေပုံကို ကိုမြင့်သိန်းတစ်ယောက် ဘဝင်မကျ ဒေါပွချင်လာသည် ။

ကျွဲ ၊ နွား အ ရောင်းဝယ် ဝါသနာပါသူတွေလို သွားတစ်ချောင်းစိုက် နှစ်ချောင်းစိုက် အံသွားကြည့် ခွာခြားတာမှ မဟုတ်ဘဲ ။

ဦးဗိုလ်ဟိန်းကျွဲ အသက်ခွဲနေပုံကိုလဲ ကြည့်ဦးလေ။

ဦးချိုက အရစ်တွေကြည့်ပြီးခွဲသတဲ့ ။

ကျွဲမဦးချိုက တစ်ရစ်ရှိ ရင် တစ်သားကျ၊ နှစ်ရစ်ရှိရင် နှစ်သားကျ ။ အဲဒီတော့ ရောင်းသူ ဝယ်သူ အ ဆင်မပြေဖြစ်နေသည်။

ဒီလိုနဲ့ တစ်ရက်လဲ မဟုတ်နှစ်ရက်လဲ မဟုတ် ကျွဲရောင်းမည့် အိမ်က ကျွဲတွေလိုက်ပြပြီး မညား (မဝယ်) ဖြစ်တော့…။

ကိုမြင့်သိန်းတစ်ယောက်  ဒေါသနဲ့လုံချည်ကိုလှန်ပြပြီး ပြောလိုက်သည်မှာ-

“ဒီမှာမိတ်ဆွေကျုပ်အဝှာကို သေချာကြည့် တစ်ရစ်ပဲ ရှိတယ် ဒါပေမယ့် ကလေး ငါးယောက် ရပြီ” ဟူသတည်း ။

Thalwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလဲတဲ့တဲ့ ရိသဲ့သဲ့ ဟာသများ “ဂရုဏာ ဒေါသောပြောမိသော စကား”

ကလဲတဲ့တဲ့ ရိသဲ့သဲ့ ဟာသများ “ဂရုဏာ ဒေါသောပြောမိသော စကား”

မောင်နိုင်ထူး   ချစ်စန်းကို နဲ့ လှယမင်းနွယ်တို့ မေတ္တာမျှ သမီးရည်းစားဖြစ်နေကြတာကြာပါပြီ။   အမေဖြစ်သူ မသန်းတင်က သူ့ရဲ့ တစ်ဦးတည်းသောသားကို တစ်ရွာတည်းနေ တစ်ရေတည်းသောက် လှယမင်းနွယ်နဲ့ သဘောမတူဘူးဖြစ်နေတယ်။   သူ့သားကို သူပေး စားချင်တာ ညောင်ပင်သာရွာက ဦးဖြူမောင်သမီး မေသဇင်နု နဲ့ပေးစားချင်တာပါ။  ...