Kalay News

Kalay News

ကလေးမြို့ ဒကစရုံး၊ လေယာဉ်ကွင်းအပါအဝင် နေရာ ၄ ခုနှင့် စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက်

 

D Day News

မေလ ၇

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဒေသကွက်ကဲမှု စစ်ဌာနချုပ် – ဒကစ (ကလေး)၊ ကလေးလေယာဉ်ကွင်းအပါအဝင် စစ်တပ်တပ်စွဲထားရာနေရာ ၄ ခုနှင့် စစ်ကြောင်းတို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay ထံမှ သိရသည်။

 

မေလ ၆ ရက် နံနက်ပိုင်းမှစ၍ ကလေးမြို့အတွင်းရှိ ဒေသကွက်ကဲရေးမှူး စစ် ဌာနချုပ် ကလေးရုံးသို့ ဗုံးသီး ၂ လုံး၊ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့လေယာဉ် ကလေး လေ ယာဉ်ကွင်းသို့ ဆင်းချိန် ဗုံးသီး ၄ လုံး၊ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့တပ် အမှတ် ၉၃၄ ကို ဗုံးသီး ၃ လုံးတို့ကို Shar Htoo Waw Drone နည်းပညာ Fixed Wing Drone(မောင်းသူမဲ့ လေယာဉ် ငယ်)များအသုံးပြု၍ ကျဲ ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ၊ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နေရာများ ထိခိုက်ပျက် စီးဆုံးရှုံးမှုရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဗုံးကျဲ လေယာဉ်ငယ် တစ်စီး ဆုံးရှုံးခဲ့ကြောင်း သိရ သည်။

 

အလားတူမေလ ၂ ရက် နံနက်ပိုင်းက စတင်၍ ကလေးမြို့တောင်ပိုင်း၊ ကြံသာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို ဗုံးသီး ၂ လုံး၊ ကြံသာရွာစခန်းမှ အောင်မင်္ဂလာရွာသို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ Wings of Kalay Drone Team) ၊ Kalay Revolution Force (KRF) – ကလေးဒေသတော်လှန်ရေးတပ်၊ မြို့ပြစီမံချက် UG အ ဖွဲ့၊ ကလေးမြို့နယ်ပြည်သူ့ကာကွယ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြော်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...