ဖရူဆိုမြို့နယ်ရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းထဲသို့ စစ်တပ်က လေကြောင်း ဖြင့် လက်နက်ခဲယမ်များဖြည့်တင်း (ရုပ်သံ)

ဖရူဆိုမြို့နယ်ရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းထဲသို့ စစ်တပ်က လေကြောင်း ဖြင့် လက်နက်ခဲယမ်များဖြည့်တင်း (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်း ကျောင်းထဲသို့ စစ်တပ်က လေကြောင်းဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန် ကြားရေး ဌာနက ထုတ်ပြန်သည်။

ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်မှ ညနေ ၃ နာရီအချိန်အထိ ဖရူဆိုမြို့တွင်းရှိ တပ်စခန်းများနှင့် လောဂျာကျေးရွာအနီး အခြေစိုက်ထားသော အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေး ကျောင်းထဲသို့ စစ်ကောင်စီတပ်က သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ၊ ရိက္ခာ ပစ္စည်းများအား လေထီးဖြင့် ပစ်ချပေးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၈ ရက်၊ ၁၉ ရက်နေ့တို့ကလည်း ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် များအတွင်းသို့ လေကြောင်းဖြင့် လက်နက်ခဲယမ်း ၊ ရိက္ခာပစ္စည်းများအား လေထီးဖြင့်ပစ်ချ၍ ဖြည့်တင်းခဲ့မှုများရှိကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများဖြည့်တင်းပြီးနောက် အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေး ၊ လုံခြုံရေး သတိရှိစွာဖြင့် သွားလာနေထိုင်ပေးကြပါရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ပြည်သူ့စစ်မှုထမ်း - ပစ စစ်သားများ သေဆုံးပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ် ချောင်း သာ ကုန်သည်ဟု စစ်ဗိုလ်များက ခြိမ်းခြောက်လျက်ရှိပြီး တပ်ရင်းအတွင်း၌လည်း မူးယစ် ဆေးဝါးများ ရောင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောကြား သည်။...