Bago News

Bago News

ပဲခူးရိုးမ၊ ဆွာဆည်ရှင်းလင်းဆောင်၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ်ကြီး အဆင့်ရှိ သူအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာဆည်ရှင်းလင်းဆောင်၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရှင်းလင်းခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၆ ဦး သေဆုံး ပြီး လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း

 

ဇူလိုင်လ ၃၀ ရက်နေ့က ရေတာရှည်မြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်း ဆောင်၌ အထိုင် ချ တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံးပြီး လက်နက်ငယ် ၆ လက်၊ လက်နက် ငယ် ကျည်ဆံများ နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းပိုက်ရရှိပြီးနောက် လက်နက်ခဲယမ်းအသုံးအ‌ဆောင် ပစ္စည်းများ သိမ်းဆည်းကာ စစ်သား များနေထိုင်သည့် အဆောင်ကို ရှင်းလင်း ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်‌ ‌ဌာန၊ ဗျူဟာ ၂၁ ၊ အမှတ် ၃၅၀၁ တပ်ရင်း နှင့်အတူ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့ PIO/PIA တပ်ဖွဲ့၊ ACDF (Asho Chin Defense Force) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေး၊ အင်မထီး ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းအား ခုခံတိုက်ခိုက်မှု စစ်သား ၅၀ ခန့် သေဆုံး   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   စစ်ကိုင်းတိုင်း၊ ကန့်ဒေါင့် ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရရှိသည်ဆိုသော...