စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ ပြည်သူများ၏ မိသားစုဝင်များကို MNDAA က ထောက်ပံ့ကြေးပေးအပ်
သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် ကွက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ယင်းပြည်သူာများ ၏ မိသားစုဝင်များကို MNDAA က ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၃၀ ရက် ည သန်းခေါင်ကျော်အချိန် ၁၂ နာရီ ၅၂ မိနစ်က ကွတ်ခိုင်မြို့ အမှတ် ၂ ရပ်ကွက်ရှိ (New Century) ရာစုသစ်ဟိုတယ်နှင့် အနီးအနားရှိ နေအိမ်များကို ပစ်မှတ်ထား၍ စစ်ကောင်စီတပ် က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် ပြည်သူလူထုပိုင် နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကေင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သော မိသားစုဝင်များနှင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော သူများအား MNDAA ၏ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးကော်မတီက ဇူလိုင်လ ၃၀ ရက်နေ့မှာပင် ဖြစ်စဉ်နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ခဲ့ခြင်း အပြင် ကွတ်ခိုင်ခရိုင် ဒုခရိုင်မှူး/ ရဲမှူး Mr. Zheng Li Min က ဒေသခံအရာရှိများနှင့်အတူ သေဆုံးသူ အိမ်ထောင်စုများနှင့် ဆေးရုံသို့ သွားရောက်ကာ သေဆုံးသူမိသားစုများနှင့် ဒဏ်ရာရသူများအား ရင်း နှီးစွာ နှစ်သိမ့်အားပေးခဲ့ပြီး သေဆုံးသူတစ်ဦးလျှင် ကျပ် ၁၆ သိန်း ၊ ပြင်းထန်ဒဏ်ရာရသူ တစ် ဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ထောက်ပံ့ကြေးထုတ်ပေးခြင်းသည် သေဆုံးသူမိသားစုများ အခက်အခဲကာလကို ကျော် လွှားနိုင်ရန်နှင့် ဒဏ်ရာရသူများ၏ နောက်ဆက်တွဲ ဆေးကုသခြင်းနှင့် ပြန်လည်သန်စွမ်းရေးလုပ် ငန်းများကို ထောက်ပံ့ရန်ရည်ရွယ်ကြောင်း ၊ဒေသခံအုပ်ချုပ်ရေးကော်မတီအနေဖြင့် ဖြစ်စဉ်တိုး တက်မှု အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြည်သူလူထုများဘေးကင်းလုံခြုံ စေရန် လိုအပ်သော အစီအစဥ်များချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အပြင်းအထန် ဒဏ်ရာ ရရှိသူများ တွင် တရုတ်နိုင်ငံသား ၁ ဦးပါဝင်ကြောင်း ၊ လက်ရှိတွင် ဒဏ်ရာသိပ်မပြင်းထန်သော ပြည်သူ အချို့မှ ဆေးရုံမှ ဆင်းသွားပြီဖြစ်သော်လည်း အပြင်းအထန် ဒဏ်ရာရသူအချို့မှာ အရေးပေါ်ကုသမှုခံယူနေ ရ ဆဲဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media