Karenni News

Karenni News

လွိုင်ကော်မြို့ပေါ်တွင် စစ်တပ်က နေရာအချို့ ပြန်လည်ရယူနိုင်ရေး ထိုးစစ်ဆင်မှုရှိပြီး လက်နက် ကြီး၊ ဒရုန်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ဟု KNDF ထုတ်ပြန်

 

D Day News

မေလ ၇

 

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်က နေရာအချို့ ပြန်လည်ရယူနိုင်ရေး စစ်ကြောင်းထိုးလှုပ်ရှာမှုရှိခဲ့ပြီး လက်နက်ကြီး၊ ဒရုန်၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

 

လွိင်ကော်မြို့တွင် ဧပြီလအတွင်း စစ်ကောင်စီဖက်မှ စစ်ကြောင်းဖြင့် ထိုးတက်၍ နေရာအချို့အား ပြန်ရယူရန် ကြိုးစားမှုများရှိခဲ့ရာ ထိတွေ့တိုက်ပွဲများ ကြိုးကြားဖြစ်ခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များကလည်း တန်ပြန်တိုက်ခိုက်ခဲ့သဖြင့် အရေးပါသည့် နေရာများအား လက်လွှတ်ဆုံးရှုံးရ ခြင်းမရှိကြောင်း သိရသည်။

 

ဧပြီလအတွင်း လွိုင်ကော်မြို့တွင်း၌ ထိတွေ့တိုက်ပွဲများ နည်းပါးခဲ့သော်လည်း စစ်ကောင်စီတပ်မှ နေ့ စဥ် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ နေအိမ်မီးရှိခြင်းများကို လုပ်ဆောင်နေခဲ့သည့်အပြင် ဒရုန်း ၊ လေ ယာဥ်များဖြင့် ဗုံးကြဲခြင်း ၊ မီးလောင်ဗုံးများကြဲချ၍ နေအိမ်များအား မီးရှိခြင်းများကို နေ့အချိန်နှင့် ည အချိန်များတွင်ပါ ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

 

ကရင်နီပြည်နယ်တွင် ဧပြီလ အတွင်းထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ တိုက်ပွဲများနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများကို ရန်သူသဖွယ်သတ်ပစ်မှတ်ထား၍ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများဖြင့်ပစ်ခက်ခြင်း အပြင် ဖမ်းဆီးသတ်ဖြတ် ခြင်း များကိုပါ ပြုလုပ်၍  စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန် လုပ်ဆောင် လျက်ရှိ ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...