ပြည်ထောင်စုဝန်ကြီးတချို့ စစ်ကိုင်း၊ မကွေးတိုင်းဘက်ခရီးဆန့်နိုင်ပြီဖြစ်သောကြောင့် တော်လှန် ရေးအတွက် ပိုမိုကောင်းမွန်၊ထိရောက်စွာဆောင်ရွက်နိုင်ဟုဆို
သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁
ပြည်ထောင်စုဝန်ကြီးတချို့ စစ်ကိုင်း၊ မကွေးတိုင်းဘက်ခရီးဆန့်နိုင်ပြီဖြစ်သောကြောင့် တော်လှန် ရေးအတွက် ပိုမိုကောင်းမွန်၊ထိရောက်စွာဆောင်ရွက်နိုင်ဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန် ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ဇူလိုင်လ ၂၉ ရက်နံနက် ၁၀ နာရီက ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉/၂၀၂၅ အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဝန်ကြီးတချို့လည်း စစ်ကိုင်း၊ မကွေးဘက် ခရီးတွေ ဆန့်နိုင်နေကြပြီဖြစ်တာမို့ ပကတိအခြေ အနေ တွေကို ပိုသိရှိပြီး၊ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်မယ့်၊ ပိုမိုထိရောက်မယ့် အခြေအနေတွေကို စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ မြေပြင်ပကတိအခြေအနေဆိုတာ စစ် ကိုင်း၊ မကွေး သက်သက်ကို ညွှန်းတာတော့ မဟုတ်ဘူးဆိုတာ နားလည်ကြရမှာ ဖြစ်ပါတယ်။ စိုးမိုး ထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမှာဖြစ်သလို မျက်ခြေပြတ်ခံလို့ မရတဲ့ ပဲခူး၊ တနင်္သာ ရီ၊ ဧရာဝတီ စတဲ့ဒေသတွေကိုလည်း လစ်လျူရှုလို့ မရပါဘူး။”ဟု ဟု ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။
တော်လှန်ရေးအခြေအနေအရ မြောက်ပိုင်းနှင့်တောင်ပိုင်းခွဲခြားပြောဆိုနေရသော်လည်း အမျိုးသား ညီညွဝ်ရေးအစိုးရသည် တစ်နိုင်ငံလုံး၏ အစိုးရဖြစ်သောကြောင့် မူဝါဒများချမှတ်ရာတွင် တစ်နိုင်ငံ လုံး၏ အခြေအနေများကို ချိန်ဆကာ ချမှတ်ရမည်ဖြစ်ကြောင်း၊ မြောင်းပိုင်းတွင် တမျိုး၊ တောင်ပိုင်း တွင် တစ်မျိုးချမှတ်မရကြောင်း ဆက်လက် သတိပေးထားသည်။
“ တော်လှန်ရေးအခြေအနေအရ မြောက်ပိုင်း၊ တောင်ပိုင်း ခွဲပြီး ပြောနေကြရတယ်ဆိုပေမယ့် ကျွန် တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နိုင်ငံလုံးရဲ့ အစိုးရဖြစ်တာကြောင့် မူတွေချမှတ်တဲ့ အခါမှာ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေနဲ့ ချိန်ဆ ချမှတ်ကြရမှာ ဖြစ်ပါတယ်။ မြောက်ပိုင်းအတွက် တစ်မျိုး၊ တောင်ပိုင်းအတွက် တစ်မျိုးဖြစ်လို့ မရပါဘူး။ မူတွေကို အကောင်အထည်ဖော်ကြတဲ့ အခါ မှာတော့ အခြေအနေအရ နေရာဒေသအလိုက် ချိန်ညှိပြီး စဥ်းစားကြရတာတွေ ရှိနိုင်ပါတယ်။ ဒါကို တော့ အစိုးရအဖွဲ့ဝင်တွေ ကောင်းစွာသဘောပေါက် နားလည်မယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်ရေး ကဏ္ဍ ဖော်ဆောင်မှုတွေဟာ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပီပီ ပြင်ပြင် ဖော်ဆောင်နိုင်ဖို့ အခြေခံအုတ်မြစ် တစ်ခုလည်း ဖြစ်တာ ကြောင့် အစကောင်းဖို့လည်း လိုပါ တယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။
Thanlwin Myanmar Media