ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ကချင်နိုင်ငံရေးပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) တို့ တွေ့ဆုံမှု ကောင်းမွန်သော ရလဒ်ထွက်ရှိဟုဆို

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ကချင်နိုင်ငံရေးပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) တို့ တွေ့ဆုံမှု ကောင်းမွန်သော ရလဒ်ထွက်ရှိဟုဆို

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင် ရွက် ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ကောင်းမွန်သော ရလဒ်ထွက်ရှိခဲ့ကြောင်း CRPH က ထုတ်ပြန် သည်။

ယမန်နေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၈ နာရီက ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံခဲ့ရာ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် KPICT ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် CRPH အတွင်းရေးမှူးအဖွဲ့ဝင်၊ ဒေါ်ဖြူဖြူသင်းက ၂၀၂၅ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်ချက် အား ရှင်းလင်းတင်ပြခဲ့ကာ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များက အဖွဲ့အစည်း၏ လက်ရှိဆောင်ရွက်နေ သော လုပ်ငန်းစဥ်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

“မတွေ့ဆုံဖြစ်တာလည်းကြာပြီဖြစ်လို့ တွေ့ဆုံတဲ့ သဘောပဲ၊ ခိုင်မာတဲ့မိတ်ဖက် ဆက်ဆံရေး တည် ဆောက်ထားတဲ့အတွက် ရှေ့လုပ်ငန်းစဉ်တွေမှာ ပူး‌ပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဖြစ်ကြတာပါ။ အ ခြေ အနေတွေက ကောင်းပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေသုံးသပ်ချက်တွေ ဆွေးနွေးကြတာ ပေါ့၊ အပြန်အလှန် အမြင်ချင်းဖလှယ်တာတွေတော့ အားလုံးကောင်းပါတယ်။ အသေးစိတ်တော့ ထုတ်ပြောလို့မရဘူးပေါ့နော်၊” ဟု CRPH အတွင်းရေး မှူး ဦးထွန်းမြင့်က ပြောကြားသည်။

ထို့အပြင် တက်ရောက်လာသူများက တော်လှန်ရေး အောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စ ရပ်များနှင့်စပ်လျဥ်း၍ ပိုမိုပူးပေါင်း ဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဥ်များနှင့် အနာဂတ် တွင်လည်း ချိတ်ဆက် လုပ်ဆောင်သွားနိုင်မည့်လုပ်ငန်းစဥ်များအပေါ် အပြန်အလှန်ပြောကြားခဲ့ပြီး အစည်းအဝေးအား နံနက် ၁၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ ဝင်များ၊ ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ တော်လှန်ရေးအပေါ် ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည် အမှန်တ ကယ်အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်သည်။ အမျိုးသားညီညွှတ်ရေးအစိုးရ- NUG နှင့် ပတ်သက်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အ...