Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်တွင် အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ခိုက်မှု စစ်သား ၃၀ ဦးကျော် သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၁

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအထွက်တွင် အင်အား ၃၀၀ ခန့်ပါ စစ် တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒူရက စစ် ကြောင်းက ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ် ဝန်းကျင်က လောင်းလုံးမြို့နယ်၊ ပန်းတင်အင်း ကျေးရွာ အထွက်၌ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကူစစ်ကြောင်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေး ဇုံမှ နတ်အိမ် ထောင်စစ်တပ်စခန်းသို့ စစ်ကူသွားရောက်သည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ DEF ၊ Tavoy People Liberation Force (TPLF) ၊နဂါးနီပျောက်ကျားတပ်ဖွဲ့နှင့် ဒေါနတပ်ခွဲ (၆) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရ ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်းထားသည်။

 

ထို့အပြင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှု များ ရှိနိုင်သောကြောင့် မိဘပြည်သူများအနေနှင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံ ကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

 

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦး သေဆုံး၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဩဂုတ်လ ၁   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး...