Magway News

Magway News

စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ရဲ ၈ ဦးသေဆုံးပြီး ရဲသုံ့ပန်း ၂ ဦးနှင့်အတူ မိသားစုဝင် ၂ ဦးကိုပါ အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၀

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၈ ဦးသေဆုံးပြီး ရဲ သုံ့ပန်း ၂ ဦး နှင့်အတူ ရဲမိသားစုဝင် ၂ ဦးကိုပါ အရှင်ဖမ်းမိခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ က ထုတ်ပြန်သည်။

 

ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၄ နာရီ ၅၀ မိနစ်က စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များက ချေမှုန်းရေး၊ ပိတ်ဆို့ဖြတ်တောက်ရေး အင်အားများဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ရဲစခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲ ၈ ဦး သေဆုံးကာ ၂ ဦးမှာ လက်နက်ချ အဖမ်းခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုပါ ဖမ်းဆီးရရှိခဲ့ပြီး ကျန်ရဲများမှာ တညောင်လျှပ်စစ် ဓာတ်အားခွဲရုံသို့ ထွက်ပြေးသွားကြောင်း၊ ထို့နေကာက် ရဲစခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောာင်း၊ ရဲစခန်း မီးရှို့ပြီးနောက် နံနက် ၈ နာရီ ၂၃ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ရဲစခန်းမှာက ခန့်မှန်းအင်အား ၃၀ လောက်ပဲရှိပါတယ်။ တိုက်ပွဲက ၃ နာရီနဲ့ မိနစ် ၂၀ ကြာခဲ့တာ၊ ရဲ ၂ ဦးနဲ့ ရဲမိသားစုဝင် ၂ ဦး ဖမ်းမိခဲ့ပါတယ်၊ စခန်းသိမ်း မီးရှို့ဖျက်ဆီးပြီးမှ ဂျက်ဖိုက်တာနဲ့ လာရောက် ဗုံး ကျဲပစ်ခတ်တာရှိပါတယ်။ ဒါ့အပြင် တညောင်လျှပ်စစ် ဓာတ်အားခွဲရုံကနေ လက်နက်ကြီးနဲ့ တ ညောင်ဘက်ကို ပစ်ခတ်နေပါတယ်၊။” စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ မှာ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများကိုင်ဆောင် အသုံးပြုသည့် G3 အမျိုးအစား သေနတ် ၅ လက်၊ MA-13 အမျိုးအစားသေနတ် ၁ လက် နှင့် ကျည်ဆံများသိမ်းဆည်းရရှိခဲ့သည့်ပြင် မီးလောင် ပျက်စီးသွားသည့် G3 အမျိုးအစား သေနတ် ၂ လက် လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- (စလင်း ပကဖ) မှ တပ်ဖွဲ့ဝင်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်တစ်ဦး လက်ထိခိုက်ဒဏ်ရာရရှိကာ ကျန်ရဲဘော်များမှာ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၁၅၀ ကျော် သေ ဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကျဆုံး၊ လက်နက်ဖြင့် အလင်းဝင်ရောက်သူ အများ အပြားရှိ

မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၁၅၀ ကျော် သေ ဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကျဆုံး၊ လက်နက်ဖြင့် အလင်းဝင်ရောက်သူ အများ အပြားရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၁၅၀ ကျော် သေဆုံးထားကာ လက်နက်ဖြင့်အလင်းဝင်ရောက်သူများလည်း ရှိကြောင်း ကျားသစ်နက် စစ်ကြောင်းနှင့် Justice Soldier တပ်ဖွဲ့တို့က ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ မြဝတီမြို့နယ် လေး​ကေ​ကော်မြို့သစ်ဘက်သို့ အကြမ်းဖက်စစ်...