TNLA News

TNLA News

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အ ပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၇ နယ်မြေ၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် အစောပိုင်း ၁၂ နာရီ ၅၅ မိနစ်က ကွတ်ခိုင်မြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ရာစုသစ်ဟိုတယ်ကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦး သေဆုံးခဲ့ ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦး ထိမှန်ဒဏ်ရာရှိကာ နေအိမ် ၂ လုံး၊ ဟိုတယ် အဆောက် အဦး အချို့ ဗုံးစထိမှန်ပျက်စီးကြောင်း သိရသည်။

အလားတူ ယမန့်နေ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း မိုးကုတ်မြို့နှင့် မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီး အမျိုး သား (၁၁)ဦးနှင့် အမျိုးသမီး(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂၁)အိမ်လည်း ဗုံးစထိမှန်ပျက်စီး ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ယခု ဇူလိုင်လအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့ နယ် များတွင် လေကြောင်းဖြင့် စုစုပေါင်း (၂၈)ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးနှင့် အမျိုးသား (၁၃)ဦးသေဆုံးခဲ့ပြီး ကလေးငယ် (၄)ဦး၊ အမျိုးသား (၃၅)ဦးနှင့် အမျိုးသမီး (၉)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ပြည်သူလူထု၏နေအိမ် (၇၆)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Ayarwaddy News

Ayarwaddy News

ပုသိမ်မြို့နယ်တွင် စစ်မှုထမ်းတပ်သား ရှာဖွေပေးနိုင်ခြင်းမရှိသောကြောင့် ဆယ်အိမ်မှူး တစ်ဦး ထွက်ပြေး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၁   ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်း တပ်သား ရှာဖွေပေးနိုင်ခြင်းမရှိသော ကြောင့် စစ်တပ်ခန့်ဆယ်အိမ်မှူးတစ်ဦး ထွက်ပြေးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။   ယခု ဇူလိုင်လ...