KNU News

KNU News

မူးမြို့နယ်တွင်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးသီး ၂၈၀ အ သုံးပြုတိုက်ခိုက်၊ ပြည်သူတစ်ဦးလည်း ခလရ ၆၀ တပ်မှ ပြည်သူ့စစ်တစ်ဦးက ပစ်သတ်သတ်ဖြတ်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၀

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများ အ တွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးသီး အလုံး ၁၈၀ အသုံး ပြုကာ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မူးမြို့နယ်၊ အညာစု ကျေးရွာအတွင်းသို့ ၆၂ လုံး၊ ရင်းတိုက်ကုန်းကျေးရွာနှင့် နောင်ကုန်းကျေးရွာကြားသို့ ၅၂ လုံး၊ ရေလဲ ကရင်/ ရေလဲဗမာကျေးရွာအတွင်းသို့ ၂၁ လုံး၊ တောင်စုအရှေ့/အနောက်ကျေးရွာအတွင်းသို့ ၃၁ လုံး၊ မရမ်းစိန်းလေးကျေးရွာနှင့် နိုတောတာကျေးရွာကြားသို့ ၂၈ လုံး၊ လည်ပတ်ကျေးရွာအတွင်းသို့ ၃၂ လုံး၊ ကကြီးဆိပ်ကျေးရွာနှင့် ဒုံးတိုကျေးရွာကြားသို့ ၁၈ လုံး၊ ကရင်/ဗမာ မျက်ရဲကျေးရွာကြားသို့ ၈ လုံး၊ ငထွေစုတ်ကျေးရွာအတွင်းသို့ ၂၂ လုံး၊ စုစုပေါင်း ၂၇၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထို့ပြင် လေယာဉ်ဖြင့် အုန်းပင်စုကျေးရွာနှင့် ရင်တွင်းကုန်းကျေးရွာကြားသို့ ဗုံးသီး ၂ လုံး လည်ပကျေး ရွာအတွင်းသို့ ၂ လုံး၊ ငနွားဆိပ်ကျေးရွာနှင့် အညာစုကျေးရွာကြားသို့ ၂ လုံး စုစုပေါင်း ၆ လုံး ကျဲချခဲ့ ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ-၆၀ ၌ တာဝန် ကျနေသော ပြည်သူ့ စစ်တစ်ဦးက ရှမ်းချောင်းကျေးရွာမှ ကိုတင်ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ် ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်း‌ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...