Taze News

Taze News

တန့်ဆည်မြို့နယ်၊ ကျွန်းလည်ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား၊ ပျူ ၁၄ ဦးသေဆုံးပြီး လက်နက် ၁၁ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

 

D Day News

မေလ ၇

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်းမြို့နယ်၊ ကျွန်းလည်ရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၊ ပျူ ၁၄ ဦးသေဆုံးပြီး လက်နက် ၁၁ နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၆ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က တန့်ဆည်မြို့နယ်မြောက်ပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အခြေချထားသော ကျွန်းလည်ပျူကျေးရွာကင်းစခန်းကို တန့်ဆည်မြို့ နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့များနှင့်နှင့် ရွှေဘိုခရိုင် တပ်ရင်း ၂၅ တို့မှ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး နေရာမှာပင် သေဆုံး ခဲ့ပြီး တချို့မှာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူများအသုံးပြုသည့် MA1 သေနတ် ၁ လက်၊ G3 သေနတ် တစ်လက်၊ ကာဘိုင် သေနတ် ၃ လက်၊ ပြောင်းချော သေနတ် ၇ လက်၊ လက်ပစ်ဗုံး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

ယခုတိုက်ခိုက်သိမ်းပိုက်ခဲ့သော ကျွန်လည် ပျူရွာ ကင်းစခန်းနှင့် ကျေးရွာရှိအကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးများသည် အနီးနားရှိ ကျေးရွာနေအိမ်များကို မကြာခဏ မီးရှို့ဖျက်ဆီး ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း လုပ်ဆောင်လျက်ရှိသဖြင့် ဒေသနေပြည်သူအများအပြား ကျေးရွာမှ စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ဂိတ်စောင့် ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ဂိတ်စောင့် ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ရန်ကုန်မြို့​၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ပဲခူးမြစ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး အပြင်းအ ထန် ဒဏ်ရာရရှိခဲ့ကြောင်း Mother Son Yangon Force...