မင်းလှ မြို့နယ်၊ ရိုးမဖြတ်လမ်း ၄၈ ဖုတ်တက်ကြီးအနီး၌ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် မှု စစ်သား ၁၅ ဦးသေဆုံးပြီး ဓားစာခံပြည်သူ ၇ ဦးကိုလည်း ထွက်ပြေးလွတ်မြောက်
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၉
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမထဲရှိ မြိုချောင်း -စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၄၈ ပေါက် ဖုတ်တက်ကြီးအနီး၌ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး သေ ဆုံးပြီး ဓားစာခံပြည်သူ ၇ ဦးလည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီ ၂၇ မိနစ်က မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမထဲရှိ မြိုချောင်း-စိန်ကန့် လန့် ရိုးမဖြတ်ကားလမ်း ၄၈ ပေါက် ဖုတ်တက်ကြီး အနီး၌ အင်အား ၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး စစ်သား ၁၅ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိပြီး ဘန့် ဘွေးကုန်းကျေးရွာ ဘက်သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ နေရာအားနယ်မြေရှင်းလင်းစဉ် စစ်သုံးအဆောင်ပစ္စည်းအချို့လည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အုတ်ဖိုမြိုနယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာနေ ပြည်သူ များကို ဓားစာခံ ဖမ်းဆီးလာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း ဓားစာခံဖမ်းဆီးလာသော ပြည်သူ ၇ ဦးလည်း ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။
ပဲခူးရိုးမအတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ပြီး စစ်ကောင်စီတပ်မှလည်း ပြည်သူများကို လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ မော်တော်ယာဥ်များအား ချောဆွဲခြင်းများ ပြုလုပ်နေသော ကြောင့် မိဘပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်ကောင်စီ စစ်ကြောင်းများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media