Mandalay News

Mandalay News

မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းထိုးကာ တိုက်ခိုက်သိမ်းပိုက်ရန် စီစဉ်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၉

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်းထိုးကာ တိုက်ခိုက်သိမ်းပိုက်ရန် စီစဉ်လျက်ရှိကြောင်း ဒေသတင်းရင်းမြစ်များ နှင့် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီခွဲခန့်က မိုးကုတ်မြို့အရှေ့ပိုင်း ကို အကြမ်းဖက် စစ်ကောင်စီ တပ်က လေယာဉ်ဖြင့် ဗုံး ၇ လုံးကြဲချခဲ့ကြောင်း၊ ထိုနောက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ဒုတိ ယ အကြိမ်အဖြစ် လည်းကောင်း၊ ၁၀ နာရီ ၃၉ မိနစ်တွင် မိုးကုတ်မြို့ အရှေ့ရွာ၊ ဘီးတောင်၊ RQ ဟိုတယ်အနီးဝန်းကျင်သို့လည်းကောင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီမနက် ၉ နာရီ ၃၀ မိနစ် ဝန်းကျင်မှာ မိုးကုတ်မြို့ အရှေ့ပိုင်းကို လေကြောင်း ကနေ စပြီး ဗုံးကြဲ တယ်၊ နောက်တစ်စီး ထပ်လာကြတယ်။ ၁နာရီအတွင်းကို ဗုံးကြဲတာ ၃ ကြိမ်ရှိပြီ။ မိုးတွေရွာနေ တုန်းကို ကြဲချနေတာ၊ ဘာတွေထိခိုက်တယ်ဆိုတာ မသိရသေးဘူး”ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

 

TNLA ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင် စီတပ်က မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရေကန်တောင်နှင့် ပန်းမထိပ်ရွာတို့ကို စစ်ကြောင်းများ ဖြန့်ခွဲကာ အထိုင်ချတပ်စွဲရန်နှင့် လက်န်ကြီးပစ်ကူများပေးနိုင်ရန်အတွက် အမြောက်တပ်ခွဲများ အထိုင်ချတပ်စွဲ ရန် စီစဉ်နေကြောင်း၊ ထိုသို့ အထိုင်ချတပ်စွဲနိုင်ရန်အတွက် မြေပြင်စစ်ကြောင်းများ ထိုးစစ်ဆင်ရန်နိုင် ရန် ဒရုန်းများဖြင့် ကင်းထောက်လှမ်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၃၃ မိနစ်က...