Sagaing News

Sagaing News

မုံရွာမြို့နယ်၊ ဗောဓိတထောင်တာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ်တစ်ဦး ၎င်းတို့ထောင် ထားသည့် မိုင်းနင်းမိကာ ပေါင်ပြတ်သေဆုံးပြီး ယင်းအလောင်းသယ်ရန် ယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ်တစ်ဦး ၎င်းတို့ ထောင်ထားသော မိုင်းနင်းမိကာ ပေါင်ပြတ်သေဆုံးပြီး ယင်းအလောင်းကို သယ်ဆောင်ရန်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Area71 Local People Defence Force ထံမှ သိရသည်။

 

ဇူလိုင်လ ၂၅ ရက်နေ့က မုံရွာမြို့နယ်၊ ဗောဓိတထောင်တာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ် တစ်ဦးသည် ထင်းချောင်းချိုးရာက ၎င်းတို့ထောင်ထားသော မိုင်းနင်းမိပြီး ပေါင်ပြတ်ကာ သေဆုံးသွား ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၇ ရက် မွန်းတည့် ၁၂ နာရီ ၃၃ မိနစ်တွင် မိုင်းနင်းမိပြီး သေဆုံးသွားသော စစ်ဗိုလ် အ လောင်းကို သယ်ဆောင်ရန်နှင့် တာဝါတိုင်ကုန်းစခန်းကို ရိက္ခာ ဖြည့်တင်းရန် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ မှ ထွက်လာသော Jummer ကား ၁ စီးနှင့် သံပြားကာ ကား ၂ စီးကို မြေနဲ- ဗောဓိတစ်ထောင် လမ်းပိုင်းတနေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း နောက်ဆုံးကားကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး ထိုးရပ်သွားကာကျန်ကား ၂ စီးဖြင့် ဆွဲယူသွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“၂၅ ရက်နေ့က ၂ ပွင့်ဗိုလ်က ထင်းချိုးရင်း သူတို့မိုင်း သူတို့ တက်နင်းပြီးတော့ ပေါင်တဖက်ပြတ်ပြီး သေတာ၊ အဲဒီအလောင်းကိုလည်း လာသယ်ရင်း၊ ရိက္ခာလည်းပို့ရင်းနဲ့ လာတဲ့ယာဉ်တန်းပါ၊ တာဝါ တိုင်စခန်းမှာက အင်အား ၃၀ ဝန်းကျင်လောက်ရှိမယ်၊ ကားတန်းက တစ်စီးကို ၁၀ ယောက်လောက် ပဲ ပါတယ်။ ကားတန်းမလာခင် မိုးညှင်းသမ္ဗုဒ္ဓေရယ်၊ GTC ရယ်၊ စစ်ညိုပင်၊ ငစိမ်းတောရွာတို့ တောက်လျှောက် ကင်းတွေချတာ၊ အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ တော်တော်ကို ဗောဓိတ ထောင်ကနေ ဆင်းရင် တောင်သာတောလမ်းခွဲပေါ့၊ (ကျောက္ကာလမ်းခွဲခေါ်တာ) အဲဒီဘက်မှာလည်း ကြိုစောင့်ပြီးတော့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပတ်ပတ်လည်ပိတ်ဆို့ထားတာ၊ မိုင်းဆွဲတာကတော့ နောက်ဆုံးကားကို ဆွဲလိုက်တာ၊ ဆွဲလိုက်တော့ တန်းပြီးရပ်သွားတယ်၊ရပ်သွားတဲ့အချိန် ၄၀ မမ တွေ နဲ့ ရော၊ လက်နက်ငယ်တွေနဲ့ရော ပစ်ပြီးတော့ တော်တော်နဲ့ မမောင်းနိုင်တဲ့အတွက် ကျန်တဲ့ ကားက ဆွဲခေါ်သွားတာ၊ အသေအပျောက်တော့ ကင်းတွေကလည်း ရွာပတ်ပတ်လည်ရော ပိတ်ချထားတော့ ကပ်ကြည့်လို့လည်းမရဘူး။ ညနေ ၅ နာရီလောက်မှ ပြန်ခေါက်သွားတာ၊ အသေပျောက် က ရှိနိုင် တယ်။” ဟု Area71 Local People Defence Force တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေး မိုင်းအဖွဲ့၊ Golden Peacock Attack Force နှင့် Area71 Local People Defence Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာ စစ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၆ ဦးသေဆုံးပြီး လက်နက်ကြီးအပါအဝင်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၆   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ၊ ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာ စစ်တပ်စခန်းတို့ကို သိမ်း ပိုက်ရရှိခဲ့ရာ စစ်သား ၁၆...