မိုးကုတ်မြို့၊ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုး သား ၁ ဦး သေဆုံးပြီး ဟိုတယ်ပျက်စီး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၆
မန္တလေးတိုင်း၊ TNLA အုပ်ချုပ်နယ်မြေ၊ မိုးကုတ်မြို့ပေါ်ရှိ ရွှေလိပ်ပြာဟိုတယ်ကို အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ဟိုတယ်လည်း ပျက်စီးသွားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၂၆ ရက် ညနေ ၄ နာရီ ၅၈ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၄ နယ်မြေ၊ မိုးကုတ် မြို့ အရှေ့ပိုင်းရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ လူထုများကို ဦးတည်ရှိ၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ဖြင့် အလုပ်မှ ပြန်လာသည့် အမျိုးသား ၁ ဦး ဗုံးထိမှန်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ပြီး ဟိုတယ်အဆောက်အဦးလည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာတွင် စစ်ကောင်စီ တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများတည်ရှိရာကို လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးသေဆုံးပြီး ကလေး ၂ ဦးအပါ ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ နေအိမ် ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင် ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media