ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို စစ်တပ်က လက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ မှ သိရသည်။
ဇူလိုင်လ ၂၅ ရက် ည ၁၀ နာရီ ၂၀ မိနစ်က ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအတွင်းသို့ အကြမ်း ဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲ ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ များအား ကူညီကယ်ဆယ်မှု လုပ်ဆောင်နေစဉ် ပါဒစက်တော်ရာတောင်ပေါ်၌ တပ်စွဲထားသော စစ် ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကယ်ဆယ်ရေးလုပ်ဆောင်နေ သည့် လူအုပ်စုအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၉ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ထိခိုက် သေဆုံးခဲ့သည့် အရပ်သား ပြည်သူများသည် လက်ရှိ ပြည်ထောင်စုလမ်းမကြီး ပေါ် တွင် ဖြစ်ပွားလျက်ရှသည့် တိုက်ပွဲ အခြေအနေကြောင့် ခရီးဆက်နိုင်ခြင်း မရှိပဲ နီးစပ်ရာ ကျေးရွာတွင် ဝင်ရောက်တည်းခိုနေသည့် အပြစ်မဲ့ ပြည်သူများသာ ဖြစ်ကြောင်း ပုလောမြို့နယ် ပြည်သူ့ ကာကွယ် ရေးအဖွဲ့က အသိပေးထားသည်။
ပြည်သူကို ရန်သူသဖွယ် သဘောထားနေသည့် စစ်ကောင်စီတပ်သည် လက်နက်ကိုင်နှင့် လက်နက်မဲ့ ပြည်သူကိုပင် ခွဲခြားခြင်း မရှိတော့ပဲ တရားလက်လွတ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲများ ပိုမိုပြင်းလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ဗုံးခို ကျင်းများကို စနစ်တကျ တူးထားရန် နှင့် တိုက်ပွဲ ဧရိယာအတွင်းရှိ မိဘပြည်သူများအနေဖြင့် ဘေး လွတ်ရာသို့ အမြန်ဆုံး ထွက်ခွာကြရန် ထပ်မံ တိုက်တွန်းထားသည်။
Thanlwin Myanmar Media