Karenni State News

Karenni State News

စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးလာမှုကြောင့် နန်းမယ်ခုံ တစ်မြို့နယ်လုံး စစ်ရှောင်နေရ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၆

 

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ဆက်လက် စစ်ကြောင်း ထိုး လာမှုကြောင့် နန်းမယ်ခုံတစ်မြို့နယ်လုံး စစ်ဘေးရှောင်နေရကြောင်း ကရင်နီပြည်စစ်ရေး သတင်း ရင်းမြစ်ထံက သိရသည်။

 

ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ နန်းမယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာမှုကြောင့် နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး လွိုင်ကော်မြို့နှင့် နန့်မယ်ခုံမြို့ကြား၌ စစ်ရေးတင်း မာနေကြောင်း သိရသည်။

 

“နန်းမယ်ခုံမြို့ထဲက အကုန်လုံးနီးပါးမဟုတ်ဘူး။ အကုန်လုံးကို ရွေ့တာ၊ အခုက ၊ဘုရားဖြူနဲ့ ဆိုတော့ နီးပြီးလေ၊ အဲဒါကြောင့် အကုန်လုံးကို ရွေ့တာ၊တစ်ပတ်ဝန်းကျင်လောက်ရှိပြီ၊ အဲဒါကြောင့်နန်းမယ်ခုံ နဲ့နီးလာတဲ့အချိန်မှာ အကုန်လုံး ရွေ့ခိုင်းတာ၊ ပြည်သူတွေက တောက်လျှောက်ရွေ့နေပြီ။” ဟု ကရင် နီပြည်စစ်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။

စစ်ဘေးရှောင်နေရသည့် နန်းမယ်ခုံမြို့နယ်သည် ကျေးရွာပေါင်း ၅၀ ခန့်ရှိပြီး ယခင်က ဒီးမော့ဆိုမြို့ နယ် အတွင်း၌ ပါဝင်ကာ လက်ရှိ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီလက်ထက်တွင် မြို့ နယ် အဖြစ်သတ်မှတ်ကာ အုပ်ချုပ်ရေးလည်ပတ်လျက်ရှိကြောင်း သိရသည်။

 

“ထွက်လာတာတော့ကြာပြီ၊ မိုးဗြဲကိုရပြီးတော့ မိုးဗြဲနဲ့လွိုင်ကော်ကြားက ကုန်းသာတို့ဘာတို့ ရပြီး တော့ နမ့်မယ်ခုံဘက်ကို ဦးတည်လာတာ။ နန်းမယ်ခုံမြို့နယ်က အရင်ကတော့ ဒီးမော့ဆိုမြို့နယ်ထဲ မှာပါတာပေါ့၊ အခု IEC လက် ထက်မှာ နမ်းမယ်ခုံမြို့နယ်ကို ပြန်ခွဲ လိုက်တာ၊ စစ်ဘေးရှောင်တာ တော့ နန်းမယ်ခုံမြို့ နယ်ပေါ့၊ လက်ရှိတော့ နမ့်မယ်ခုံနဲ့လွိုင်ကော်ကြားမှာတော့ စစ်ရေးတင်းမာနေ တာ။” ဟု ကရင် နီပြည်စစ်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။

 

လက်ရှိစစ်ကောင်စီတပ်က နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကယားညေးခူရွာ၊ ဘုရားနီရွာတို့ဘက်ကို သိမ်းပိုက်ထားပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်ကောင်စီ၏ ဒရုန်း၊ လက်န နက်ကြီး တို့ကြောင့် ဆုတ်ခွာပေးနေရကြောင်း သိရသည်။

 

“လက်ရှိစခတွေက ဘုရားဖြူရဲ့ ရှေ့အထိ ရောက်နေပြီ၊ အဲဒီ မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိ သေး တယ်၊ ကယားညေးခူရွာရယ်၊ ဘုရားနီရယ်၊ ပုံပြာတို့ ဘက်မှာ ဝင်ထားပြီ။ သူတို့က လူအရင် မလာပဲနဲ့၊ ဒရုန်းရော၊ လက်နက်ကြီးရော တောက်လျှောက် လာပြီးမှ နောက်မှ လူလာတာ၊ စခတွေ ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေအလုံး ၁၀၀ လောက် ပစ်မှ ကျနော်တို့ဘက်က တစ်လုံး လောက်ပဲ ပြန်လုပ်နိုင်တယ်၊အဲဒါကြောင့် ကျနော်တို့ရဲဘော်တွေ လည်းမတောင့်ခံနိုင်ဘူး၊ အဲဒါ ကြောင့် ဆုတ်နေရတာ” ဟု ကရင်နီပြည်စစ်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပေါက်မြို့နယ်၊ စဖဲရွာ ကျေးလက်ကျန်းမာရေးဆေးခန်းကို စစ်တပ်‌ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ၊ ဆေးခန်းနှင့် နေအိမ်အချို့ ပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စဖဲရွာ ကျေးလက်ကျန်းမာရေးဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီတ...