ကော့ကရိတ် -ကျုံးဒိုးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ် ဖြတ်
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ် -ကျုံဒိုးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူ ၂ ဦး ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခန့်က ကျုံဒိုးမြို့နယ်၊ ဂျိုင်းတံတား၌ တပ်စွဲထားသော စစ် ကောင် စီတပ်က မိဂလုံ ၊ တောင်ကမ္ပလိုက်၊ မလာကုန်းဘက်သို့ မစ်ဆိုင်း ၂ လုံးပစ်ခတ်ပြီးနောက် အချိန်ခြားကာ ထပ်မံပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ထိုကြောင့် နံနက် ၁၀ နာရီအချိန်တွင် မစ်ဆိုင်း ဒုံးများ ပစ်ခတ်တိုက်ခိုက်နေသည့် စစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း မစ်ဇိုင်းဒုံး၊ ရှော့ တိုက်ဒုံး၊ လက်နက်ကီးဖြင့် ပြန်လည်ပစ်ခတ်တိုက်မှုရှိခဲ့ကြောင်း သိရသည်။
“ဘားအံကနေ လမ်းပျက်တံတားပျက်ပြင် ဖို့လာတဲ့ ဆောက်လုပ် ရေးဌာန ကားမတွေ ဂျိုင်းတံတားနဲ့ ရိုးမဟာရွာကို ရောက်နေတယ်။ စစ်ကောင်စီရဲ့ သံဘောင် လမ်းခင်းတံတား ကား ၃ စီး ပဲ။ တိုက်ပွဲ ဖြစ်နေလို့ ကျုံဒိုး ၅ တိုင်ရွာ ဘက်ကို သွားလို့ မရသေးဘူး။ ဂျိုင်းတံတားမှာ ရပ်ထားတဲ့ ဘေလီသံ ဘောင် တင်လာတဲ့ ကားကလည်း ဖားအံဘက်ကို ကားခေါင်း ပြန်လှည့်ထားတယ်။ စစ်ကောင်စီ က ကော့ကရိတ်- ကျုံဒိုးလမ်းပွင့် သွားပြီလို့ သတင်းလွှင့် ထားပေမယ့် လက်နက်ကြီးပစ်ခတ်တာ၊ အပြန် အလှန် တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ရှိသေးလို့ ကော့ကရိတ် စကခ ၁၂ နဲ့ ခလရ ၉၇ တပ်ဘက်ကို စစ်ကူ ခဲယမ်းယာဉ်တန်း မသွားရဲသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကျုံဒိုးမြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်၊ DKBA စစ် ကြောင်းတို့ ပူးပေါင်းကာ ၅ တိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး စစ်ဘေးရှောင်နေရာက နေအိမ်သို့ ပြန် လာသည့် အသက် ၄၅ နှစ်အရွယ် မန်းကျော်ရှားလာ နှင့်အသက် ၄၄ နှစ်အရွယ် မန်း အကလိုက်တို့ ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်၊ DKBA ဗိုလ်ဘိအဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၆၃ နှစ်အရွယ် ဦးတင်တင်မှာ ခြေထောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ ရကြောင်း သိရသည်။
Thanlwin Myanmar Media