Tanintharyi News

Tanintharyi News

ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်နေ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၅

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ် ကော်ငစီတပ်က ကြည်း၊ ရေ ၊ လေ ပူးပေါင်းကာ အပြင်းအထန် ထိုးစစ်ဆင်နေသောကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ မဟာမိတ်တပ်ပေါင်းစုများက ခုခံ တိုက် ခိုက်လျက်ရှိရာ ယနေ့ ဇူလိုင်လ ၂၅ ရက် ညပိုင်းအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လျက်ရှိ ကြောင်း သိရသည်။

ထိုကြောင့် စစ်ကောင်စီတပ်စခန်းများအနီးနေထိုင်ကြသည့် ပြည်သူများအနေဖြင့် နေအိမ်များမှ ချက် ချင်း ထွက်ခွာ၍ လုံခြုံသည့် နေရာများသို့ အလျင်အမြန်တိမ်းရှောင်ကြရန်၊ အကယ်၍ နေအိမ်များ အတွင်း ပိတ်မိနေပါကလည်း ကျည်ကွယ်မျက်ကွယ်နေရာများတွင် တတ်နိုင်သလောက် လုံခြုံစွာနေ ထိုင် ကြရန် အကြံပြု တိုက်တွန်းထားသည်။

 

ထို့အပြင် ခရီးသွားမိဘပြည်သူများအနေဖြင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၏ မြိတ်-ပုလော လမ်း ပိုင်းအား အသုံးပြု၍ ခရီးသွားလာခြင်းအား လုံးဝမပြုလုပ်ကြပါရန် ဆက်လက် တိုက်တွန်းထားသည်။ ၏

 

ယခု ထုတ်ပြန်ချက်သည် နောက်ထပ် ထုတ်ပြန်ချက် မထုတ်ပြန်မီအချိန်ထိ မြိတ်-ပုလော လမ်းပိုင်း အား အသုံးပြုခြင်းကို အကန့်အသတ်မရှိ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ် ရင်းက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောများဖြင့် ဧရာဝတီမြစ်...