Yangon News

Yangon News

မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်မှု အုပ်ကြီး၊ ပျူစောထီးများ ထိခိုက်မှုရှိ

 

D Day News

မေလ ၆

 

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ အမှတ် ၃၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အုပ်ကြီး၊ ပျူစောထီးများ ထိခိုက်မှုရှိ ကြောင်း Together Urban Force တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၆ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်က အကြမ်းဖက်စစ်တပ် လက်အောက်ခံ အုပ်ချုပ် ရေးမှူးနှင့် ပျူစောထီးများ စုဝေးရာ မြောက်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်ကောင်စီလက်ပါးစေများ ထိခိုက်မှုရှိသော်လည်း အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Together Urban Force အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ရန်ကုန်မြို့ပြတွင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် လုံးဝအုပ်ချုပ်ခွင့်မရ ၊ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

မိဘပြည်သူများနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ ၊ စစ် ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် မေတ္တာရပ်ခံ ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...