Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးကျောင်းမှ ထွက်လာသော စစ်သား၊ ပျူများကို ကြားဖြတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၄

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှ ထွက်လာသော စစ်သား၊ ပျူ များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရ သည်။

 

ဇူလိုင်လ ၂၂ ရက် နံနက် ၆ နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုး​ရေးကျောင်း၌ အခြေပြု တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ စစ်သားနှင့်ပျူ ၆ ဦး တို့သည် ဆိုင်ကယ် ၃ စီးဖြင့် ရွှေဘို-ရေဦးလမ်းပိုင်းပေါ်သို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်နေရာယူ၍ စောင့် ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်သား၊ ပျူများ အသုံးပြုသော G-3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၆၈ တောင့် ၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်ကူထွက်လာသော စစ်ကောင်စီတပ်သားများကိုလည်း ဒရုန်းဖြင့် ထပ်မံဗုံးကြဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟုဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းနှင့် နယ်မြေခံ ပကဖတို့ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...