Mon State News

Mon State News

သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်းရှေ့ရှိ ကင်းပုန်းနေရာကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား၊ ရဲ ၅ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၃

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ စစ်ကောင်စီ​၏ ကင်းပုန်းနေရာကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၅ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် – MSRF ထံမှ သိရ သည်။

 

ယမန်နေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်က သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ ထင်းရှူး ရဲစခန်းရှေ့ ကိုက် ၂၀၀ အကွာအဝေးနေရာရှိ ကင်းပုန်းနေရာကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်တပ် လက်အောက်ခံ ရဲ ၂ ဦး ၊ စစ်သား ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တော် လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တစုံတရာ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်‌‌ဖက်ဒရယ်ကောင်စီ – MSFC ကာကွယ်ရေးဌာနအောက်ရှိ တပ်များ ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့နှင့် စစ် ရေးမဟာမိတ်ဖြစ်သော KNLA တပ်ရင်း ၂၇ တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...