Mandalay News

Mandalay News

ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသော စစ်တပ်သင်္ဘောများကို တိုက်ခိုက်မှု ၂ စီး မီးလောင်ပျက်စီး၊ ၂ စီးနစ်မြုပ် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၃

 

မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသော စစ်တပ် သင်္ဘောမျးကို တိုက်ခိုက်ခဲ့ရာ ၂ စီးမီးလောင်ပျက်စီးပြီး ၂ စီးနစ်မြှုပ်ကာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထံက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန် တက်လာသော စစ်သင်္ဘော ၁၇ စီးပါ စစ်ကောင်စီ၏ ရေယာဉ်တန်းကို သပိတ်ကျင်းမြို့နယ်၊ ချောင်း သလဲကျေးရွာနှင့် ကျောက်ကြီးကျေးရွာ ဇတ်ဆိပ်ကြားနေရာအရောက် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော၂ စီး မီးလောင်ပျက်စီး နစ်မြုပ်ပြီး ၂ စီး ဆက်လက် မမောင်းနိုင်တော့သည်အထိ ပျက်စီးသွား ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

စစ်သင်္ဘော ၁ စီးနစ်မြုပ်သွားချိန်တွင် ယင်းစစ်သင်္ဘောမှ စစ်သားများမှာ အခြားစစ်သင်္ဘော ၁ စီးပေါ် သို့ အပြေးအလွှား ခုန်တက်ကြသည်ကို လည်း မြင်တွေ့ရသည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာန ကွပ်ကဲမှု ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၅၀၉ တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်တပ်ရင်းများ၊ မိုးကုတ် ဗျုဟာ၊ သပိတ်ကျင်းတိုက်နယ်(ပကဖ)၊ မြိုင်မြို့နယ်(ပကဖ)၊ မန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့ နှင့် မဟာမိတ်တပ်များက ဧရာဝတီပူးပေါင်းစစ်ကြောင်း အဖြစ် စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဧရာ၀တီမြစ်ကြောင်း အထက်သို့ ဆန်တက်လာနေသော စစ်သင်္ဘောများကို တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ကောင်းကင်မှ လုံခြုံရေးယူ၍ လိုက်ပါပေးနေကြောင်း၊ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

ဖားကန့်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း ၃ ကြောင်းဖြန့်ခွဲကာ လှုပ်ရှားနေပြီး ထိခိုက် သေဆုံးမှုများ နေသောကြောင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၃   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲကာ လှုပ်ရှားနေပြီး...