Jail News

Jail News

စစ်ကောင်စီ၏ စစ်ကြောရေစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်းစိန် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားသော မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ရေဝေးသုဿန်၌ ယနေ့ သင်္ဂြိုလ်မည်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၂

 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်း စိန်အကျဉ်းထောင်၌ ကျဆုံးသွားသော နိုင်ငံရေး အကျဉ်းသူ မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရေဝေးသုဿန်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၀ ရက်နံနက်အစောပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်း၌ နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင် ဒဏ် ၃ နှစ် ၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းခံထားရသည့်  ဒဂုံတက္ကသိုလ် (သတ္တဗေဒ-ဒုတိယနှစ်) ကျောင်းသူ အ သက် ၂၅ နှစ်အရွယ် မဝတ်ရည်အောင်သည် စစ်ကောင်စီ၏ စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက် သော ဒဏ်ရာများဖြင့် အင်းစိန်ဆေးရုံ၌ ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျဆုံးသော မဝတ်ရည်အောင်ကို ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့က အကျဉ်းဦးစီးဌာနက ထောင်လွှတ်မိန်းထုတ်ကာ အမိန့်ပြန်ခဲ့ပြီး မိသားစုထံ ရုပ်အလောင်းကို ပြန်လည်ပေးခဲ့သဖြင့် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရ သည်။

 

ကျဆုံးသွားသော နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်သည် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ် အမှု ဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့မှုဖြင့် ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၁၄ ရက်နေ့တွင် အခြားကျောင်းသား ၅ ဦးနှင့်အတူ ကျောက် တံတားမြို့နယ်၌ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

 

ထိုနောက် စစ်တပ်က စစ်ကြောရေးတွင် နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်ခဲ့ရာ ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ရရှိခဲ့သည့် ဒဏ်ရာကို စစ်ကောာင်စီက ဆေးဝါးကုသခွင့် လုံလောက်ပေး အပ်ခြင်းမရှိပဲ ဥပေက္ခာပြုထားခဲ့ရာ ဒဏ်ရာမှာ တဖြည်းဖြည်းဆိုးဝါးလာကာ ကျဆုံးခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၁ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၂...