Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး စခန်းကုန်းနေရာ ၃ ပုံ ၂ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၁

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး စခန်းကုန်းနေရာ ၃ ပုံ ၂ ပုံအထိပျက်စီးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

မေလ ၃၀ ရက် နံနက် ၆ နာရီမှ စတင်၍ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင် စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထားဝယ်မြို့ပေါ်မှ ဟောင်ဝှစ်ဇာဖြင့် တနေကုန်ပစ်ကူပေးခဲ့သည့်အပြင် ပင် လယ်ပြင်ရှိ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ကူပေးခဲ့ကြောင်း၊ ယင်း တိုက်ပွဲသည် ၃ ရက် တိတိ ကြာမြင့်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိပြီး လက်လတ် တောင် တာဝါတိုင်စခန်းမှာ ၃ ပုံ ၂ ပုံခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

တစ်ဆက်တည်းမှာပင် လက်ခတ်တောင်တာဝါတိုင်စခန်းအား စစ်ကူပေးရန် ထွက်လာသည့် စစ်ကူ စစ်ကြောင်းကို လောင်းလုံးမြို့ပေါ်၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်မျှ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – လောင်းလုံးပကဖ၊ ထားဝယ် ခရိုင်တပ်ပေါင်းစု နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် နွေဦးပျောက်ကြားတပ်ဖွဲ့၊ ဖယ်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့ ၊ DNLA တပ်ဖွဲ့ နှင့် ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန် ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၁ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာ၌ အထိုင်ချတပ်စွဲ ထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ် သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အ မှတ် ၂...