Mon State News

Mon State News

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို လိုက်ပါကူညီမည့်သူများစာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်နေပါက အရေးယူသွားမည်ဟုဆို

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၁

 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို လိုက်ပါကူညီ မည့်သူများ၏ စာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်လုပ်ဆောင်နေပါက အရေးယူသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့ ၃ ခုက ပူးတွဲထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ၄င်းတို့ အာဏာကို ဆက်လက်ထိန်းသိမ်းရေးအတွက် ရွေးကောက်ပွဲ ပြင်ဆင်ရာတွင် အီလက် ထရောနစ် မဲပေးစက်ကိုင်သင်တန်းကို ရေးခရိုင်တွင် ပေးမည်ဟု သတင်းရရှိ ထားပြီး စစ်ကောင်စီ၏ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှားမှုများကို တော် လှန် ရေးအဖွဲ့ အစည်းများမှ သတင်းအချက်အလက်များ ရရှိထားကြောင်း သိရသည်။

“အဓိကက Non CDM တွေက စကစ ခိုင်းသမျှ လိုက်ပါ မဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့ အချက်အလက် တွေကိုလည်း အကုန်ရရှိထားတာဖြစ်တဲ့အတွက် ဖမ်းဆီးမယ်၊ ပြီးရင် လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ အညီအရေးယူသွားမယ်။ ပြည်သူတွေဘက်ကလည်း မတရားတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လူထု လှုပ်ရှားမှု အသွင်နဲ့ ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အထူးတိုင်း နည်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကို က ပြောကြားသည်။

 

စစ်ကောင်စီ၏ ရွေးကောက်ပွဲ မလုပ်နိုင်စေရေးအတွက် တားဆီးသွားမည်ဖြစ်သောကြောင့် အုပ်ချုပ် ရေး မှူးများ၊ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင် များ နှင့် အတူတကွ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ မပြု လုပ်ရန် သတိပေးချက် ထုတ်ပြန်ထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်ကို မွန်ပြည်နယ်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် ဒေါနတပ်ရင်း ၂ တို့ပူးပေါင်းကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

စစ်ကောင်စီ၏ စစ်ကြောရေစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်းစိန် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားသော မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ရေဝေးသုဿန်၌ ယနေ့ သင်္ဂြိုလ်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်း စိန်အကျဉ်းထောင်၌ ကျဆုံးသွားသော နိုင်ငံရေး...