ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တနေရာတွင် စစ်ရေယာဉ် အစီး ၃၀ ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သင်္ဘော ၂ စီးပျက်စီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၀
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ချင်းတွင်းမြစ်ကြောင်းတနေရာတွင် စစ်ရေယာဉ် အစီး ၃၀ ကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး သင်္ဘော ၂ စီးပျက်စီးခဲ့ကြောင်း Salingyi Special Task Force – SSTF ထံမှ သိရသည်။
ဇူလိုင်လ ၁၅ ရက် နေ့နံနက် ၅ နာရီခန့်က သရက်ပင်ရွာအနီး ညအိပ်တပ်စွဲခဲ့သော စစ်သင်္ဘော ၄ စီး ပါ ထောက်ပို့ ဖလပ်သင်္ဘောအစီး ၃၀ ခန့်သည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ ဆက်လက်ဆန် တက်လာရာ ချင်းတွင်းမြစ်ကြောင်း တနေရာအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ ရွှေတော်ဝင် အမည်ရ ဖလက်သင်္ဘော တစ်စီး လက်နက်ကြီးထိမှန်ပျက်စီးကာ သင်္ဘောပေါ်ပါ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ အခြား သင်္ဘောတစ်စီးလည်း ထိမှန်ပျက်စီးခဲ့ပြီး ပျက်စီးသွားသော သင်္ဘော ၂ စီးကို အ ခြား သင်္ဘောများဖြင့် ဆွဲကူကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ မှတက်လာသည့် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ကူပေး၍ အထက်သို့ ဆက်လက်ဆန်တက်သွားကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ ၄၅ KLG PDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄/၁၅ (SSTF) နှင့် အခြား မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစစ်ရေယာဉ် သင်္ဘောများသည် ဇူလိုင် ၁၄ ရက် နံနက် ၅ နာရီခန့်က မုံရွာမြို့၊ အလုံ ဆိပ်ကမ်းမှ ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိမည်ထင် သော နေရာများကို တံတားဦးလေတပ်မှ တပ်လာသည့် Y12 ထောက်ပို့လေယာဉ်ဖြင့် လည်းကောင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာသော ပါရာမိုတာ ၂ စီးဖြင့်လည်း ကောင်း၊ ကနီမြို့မှ တက်လာသော ဒရုန်းများဖြင့် လည်းကောင်း ဗုံးကြဲတိုက်ခိုက်ကာ လုံခြုံရေး ယူ ပေးပြီး ဆန်တက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media