Hpasaung News

Hpasaung News

ဖားဆောင်းမြို့စစ်ကူလာသည့် ရဟတ်ယာဉ်ကို ပွိုင့်ဖိုက်၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ချရာ ထိမှန်ပျက်စီး (ရုပ်သံ)

 

D Day News

မေလ ၆

 

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်သို့ စစ်ကူလာသည့် ရဟတ်ယာဉ်တစ်စီးကို ပွိုင့်ဖိုက်၊ လက်နက် ငယ်များဖြင့် ပစ်ချခဲ့ရာ ထိမှန်မီးလောင်ပျက်ကျခဲ့ကြောင်း K P L Army – 1st Tactical Operations Command ကရုပ်သံနှင့်တကွ အသိပေးထားသည်။

 

ယနေ့ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် ဖားဆောင်းမြို့နယ်ကို လာရောက်သည့် အ ကြမ်း ဖက် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဘောလခဲမြို့ နယ် အနီးအနိမ့်ပျံသန်းစဉ် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/Sbaw5buAoBs

ထိုသို့ ပစ်ချမှုကြောင့် ထိမှန်ကာ ဘောခလဲဗျူဟာစခန်းဘက်အထိ ပျံသန်းသွားပြီး ဘောလဲဗျူဟာ စခန်းမရောက်မီ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ပျက်ကျသွားသည့် နေရာအတိအကျကို သိရှိရခြင်း မရှိ သေးကြောင်း သိရသည်။

 

ပစ်ချခံရသည့် ရဟတ်ယာဉ်မှာ MI 17 ရဟတ်ယာဉ်ဖြစ်နိုင်ပြီး လူနာသယ်ဆောင်ပြီး ပျံတက်ချိန် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်ကောင်စီ၏ ရိက္ခာသယ်ယူပို့ဆောင်ရေး ရဟတ် ယာဉ်၊ တိုက်လေယာဉ်များ အပါအဝင် စုစုပေါင်း ၇ စီးကို တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များက ပစ်ချခဲ့ပြီးဖြစ်ရာ ယနေ့ရဟတ်ယာဉ်ပါဆိုလျှင် စုစုပေါင်း ပစ်ချနိုင် ခဲ့ သော တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် ၈ စီးရှိလာပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...