TNLA News

TNLA News

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ဆောင်များ ထိခိုက်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း TNL သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ သီပေါ မြို့၊ ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်တို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ဖြင့် ပေါင် ၂၅၀ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမက ၁ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ၁ ကြိမ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ၁ ကြိမ် ၊ အကြမ်းဖက် စစ် ကောင်စီ တပ်က သီပေါမြို့ကို လေကြောင်းဖြင့် ပြည်သူလူထု တည်ရှိရာကို ဦးတည်၍ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရှိကာ နေအိမ် ၁၃ လုံး၊ အဆောက် အအုံ ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေး ဆိုင် ရာနည်းလမ်းများလိုက်နာဆောင် ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...