ရန်ကုန်မြို့၌ အကြမ်းဖက်စစ်ခေါင်းဆောင်ရှိနေချိန် မင်္ဂလာဒုံ လေကြောင်းအတတ်သင်ကျောင်းကို ဗုံးခွဲ တိုက်ခိုက်
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၉
ရန်ကုန်မြို့၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိချိန် မင်္ဂလာဒုံမြို့နယ်ရှိ လေ ကြောင်း အတတ်သင်ကျောင်းကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army ထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၈ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ လေ ကြောင်းအတတ်သင်သင်တန်းကျောင်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းအား လက်ပစ်ဗုံးကပ် ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦး လဲကျသွားသော်လည်း သေဆုံးမှုရှိ၊ မရှိ အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
Photo – ပုံဟောင်း
အဆိုပါ တိုက်ခိုက်မှုကို Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ယင်းမစ်ရှင်ကြောင့် စစ်ကောင်စီတပ်သားများက လမ်းများပိတ်ဆို့ကာ စစ်ဆေးခဲ့ ကြောင်း၊ သို့သော်လည်း ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ထိခိုက်မှုကတော့ ဗုံးပစ်တဲ့အချိန်မှာ ၁ ဦး တော့ လဲကျသွားတာ မြင်ခဲ့ရတယ်။ မအလ ရောက်နေတဲ့ အချိန်မို့ တမင် ဆော်တာပါ။ ညဘက်ပိုင်းမှာ အဲဒီဖြစ်စဉ်ကြောင့် စခတွေဘက်က အလုပ်ရှုပ်ကုန်ကြ တယ်။ လမ်းတွေပိတ်စစ်တာတွေချက်ချင်းလုပ်ကြတယ်။ ပေါက်ကွဲတဲ့ အသံကလည်း တော်တော် ကျယ် တယ်။ မိုင်းမှာ လက်ပစ်ဗုံးပါ ကပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု Yangon Army မှ တာဝန် ရှိသူက ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ကုန်း၌ ကျင်းပသော ၇၈ နှစ်မြောက် အာ ဇာနည်နေ့အခမ်းအနားကို တက်ရောက်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက် ရှိနေချိန် လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဇာနည်နေ့အခမ်းအနားတက်ရောက်နေမှု ကြောင့် အာဇာ်နည် ကုန်းအနီးတဝိုက်ရှိ မြို့နယ်များဖြစ်သော ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်တို့တွင် ဖုန်း လိုင်း၊ အင်တာနက်လိုင်းများဖြင့် ယာယီဖြတ်တောက်ခဲ့ကာ လုံခြုံရေးတင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
Thanlwin Myanmar Media